K pop

■ Rosé လုပ်ချင်တဲ့ ဂီတအမျိုးအစားနဲ့ တီးခတ်ချင်တဲ့ တူရိယာ

— – – BLACKPINK Concert တွေမှာ Rosé ကို ဂစ်တာလွယ်ရင်း … မြင်ရနိုင်သလို၊ ပရိသတ်တွေ မြင်ချင်နေတဲ့ …

BLACKPINK အဖွဲ့ဝင် Rosé ဟာ Elle မဂ္ဂဇင်းအတွက် အလှဓာတ်ပုံတွေ ရိုက်ကူးရင် အင်တာဗျူးပါ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးကတော့ Elle က မေးတာမျိုးမဟုတ်ဘဲ ပရိသတ်တွေက မေးထားတဲ့ မေးခွန်းတွေကို Rosé က ပြန်ဖြေခဲ့တာပါ။

ပရိသတ်တွေရဲ့ မေးခွန်းတွေထဲမှာ တစ်ခုက …”အနာဂတ်မှာ ဘယ်လိုဂီတအမျိုးအစား လုပ်ချင်ပါသလဲ။ တို့ကတော့ ROCKSE ကို မြင်ချင်တယ်။ ပြီးတော့ တီးချင်တဲ့ တူရိယာများ ရှိသလား”လို့ မေးမြန်းခဲ့တာပါ။

Rosé က “ကျွန်မလည်း Rock ဆိုကြည့်ချင်ပါတယ်။ တကယ်ပါ။ ကျွန်မ ငယ်ငယ်ကတည်းက နားထောင်ခဲ့တဲ့ သီချင်းတွေထဲမှာ Rock သီချင်းတွေ တော်တော်များများ ပါပါတယ်။ ဂီတာနဲ့ တီးတာက စပြီး တူရိယာတွေ တီးခတ်ရတာကို နှစ်သက်ပါတယ်။

ပြီးတော့ Rock တီးဝိုင်းတွေဖြစ်တဲ့ Band တွေက တော်တော်ပျော်စရာကောင်းမယ်လို့ ထင်တယ်။ အနာဂတ်မှာ ဘယ်တူရိယာကို တီးချင်သလဲဆိုရင်တော့ စန္ဒယားပါ။ စန္ဒယားတီးရင်း သီချင်းဆိုတာကို မြင်ရနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Ref: Soompi

 

-Zawgyi

■ အနာဂတ္မွာ Rosé လုပ္ခ်င္တဲ့ ဂီတအမ်ဳိးအစားနဲ႔ တီးခတ္ခ်င္တဲ့ တူရိယာ

— – – BLACKPINK Concert ေတြမွာ Rosé ကို ဂစ္တာလြယ္ရင္း … ျမင္ရႏုိင္သလုိ၊ ပရိသတ္ေတြ ျမင္ခ်င္ေနတဲ့ …

BLACKPINK အဖဲြ႕၀င္ Rosé ဟာ Elle မဂၢဇင္းအတြက္ အလွဓာတ္ပုံေတြ ႐ုိက္ကူးရင္ အင္တာဗ်ဴးပါ ျပဳလုပ္ခဲ့ပါတယ္။ ဒီအင္တာဗ်ဴးကေတာ့ Elle က ေမးတာမ်ဳိးမဟုတ္ဘဲ ပရိသတ္ေတြက ေမးထားတဲ့ ေမးခြန္းေတြကုိ Rosé က ျပန္ေျဖခဲ့တာပါ။

ပရိသတ္ေတြရဲ႕ ေမးခြန္းေတြထဲမွာ တစ္ခုက …”အနာဂတ္မွာ ဘယ္လုိဂီတအမ်ဳိးအစား လုပ္ခ်င္ပါသလဲ။ တုိ႔ကေတာ့ ROCKSE ကုိ ျမင္ခ်င္တယ္။ ၿပီးေတာ့ တီးခ်င္တဲ့ တူရိယာမ်ား ရွိသလား”လုိ႔ ေမးျမန္းခဲ့တာပါ။

Rosé က “ကၽြန္မလည္း Rock ဆုိၾကည့္ခ်င္ပါတယ္။ တကယ္ပါ။ ကၽြန္မ ငယ္ငယ္ကတည္းက နားေထာင္ခဲ့တဲ့ သီခ်င္းေတြထဲမွာ Rock သီခ်င္းေတြ ေတာ္ေတာ္မ်ားမ်ား ပါပါတယ္။ ဂီတာနဲ႔ တီးတာက စၿပီး တူရိယာေတြ တီးခတ္ရတာကုိ ႏွစ္သက္ပါတယ္။

ၿပီးေတာ့ Rock တီး၀ုိင္းေတြျဖစ္တဲ့ Band ေတြက ေတာ္ေတာ္ေပ်ာ္စရာေကာင္းမယ္လုိ႔ ထင္တယ္။ အနာဂတ္မွာ ဘယ္တူရိယာကုိ တီးခ်င္သလဲဆုိရင္ေတာ့ စႏၵယားပါ။ စႏၵယားတီးရင္း သီခ်င္းဆုိတာကုိ ျမင္ရႏုိင္ပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။

Ref: Soompi

 

 

 

 

 

You cannot copy content of this page