— – – John Mayer ဆီရတဲ့ လက်ဆောင်ကို Rosé အနေနဲ့ …
BLACKPINK အဖွဲ့ဝင် Rosé ဟာ Elle မဂ္ဂဇင်းအတွက် အလှဓာတ်ပုံတွေ ရိုက်ကူးရင် အင်တာဗျူးပါ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးကတော့ Elle က မေးတာမျိုးမဟုတ်ဘဲ ပရိသတ်တွေက မေးထားတဲ့ မေးခွန်းတွေကို Rosé က ပြန်ဖြေခဲ့တာပါ။
ပရိသတ်တွေရဲ့ မေးခွန်းတွေထဲမှာ တစ်ခုက … “John Mayer ဆီက လှပတဲ့ ဂစ်တာလေးတစ်လက် လက်ဆောင်ရတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘယ်လိုခံစားရပါသလဲ”လို့ မေးမြန်းထားတာပါ။
Rosé က “အဲဒီဂစ်တာကို လက်ခံရပုံက ဒီလိုပါ။ ကုမ္ပဏီက လူတွေက ကျွန်မကို အဲဒီဂစ်တာ Surprise လုပ်ခဲ့ကြတာပါ။ သူတို့က ငါတို့ မင်းကို တစ်ခုခုပေးတယ်။ ဒါက အရမ်းအရေးကြီးတယ်လို့ ဆိုကြတယ်။ ဒီတော့ ကျွန်မကလည်း အရမ်းအရေးကြီးတဲ့ အရာဖြစ်မယ်လို့ ထင်ခဲ့တာပါ။
သူတို့က John Mayer က မင်းကို ဒါလေး ပေးစေချင်တယ်ဆိုပြီး ဂစ်တာလေးကို ထုတ်ပေးတာပါ။ ကျွန်မ အရမ်းသဘောကျပါတယ်။ ပြီးတော့ John Mayer အနေနဲ့ ကျွန်မဆိုထားတဲ့ Cover သီချင်းကို ပြန်တင်ပေးတဲ့အတွက်ရော၊ ကျွန်မကို ချီးကျူးတဲ့အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်။ သူပေးတဲ့ ပန်းရောင်ဂစ်တာကို အမြတ်တနိုးနဲ့ ကျွန်မ တစ်သက်လုံးသိမ်းထားမှာပါ”လို့ ပြန်ဖြေခဲ့ပါတယ်။
ဆက်ပြီးတော့ Rosé က John Mayer ဟာ သူတို့မျိုးဆက်တွေအတွက် ဂီတနဲ့ပတ်သက်တဲ့ ဂန္ထဝင်ဖြစ်ပြီး ဂစ်တာလက်ဆောင်ရတဲ့ စိတ်လှုပ်ရှားရသလို၊ အရမ်းလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သေးတာပါ။
Rosé ဟာ JTBC variety show ဖြစ်တဲ့ Sea of Hope မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တုန်းက John Mayer ရဲ့ Slow Dancing in a Burning Room သီချင်းကို Cover သီဆိုပေးခဲ့တာဖြစ်ပြီး အဲဒီအတွက်လည်း John Mayer က Rosé ကို ချီးကျူးစကားဆိုခဲ့ပါတယ်။
Ref: Soompi
-Zawgyi
■ John Mayer ဆီက ဂစ္တာလက္ေဆာင္ ရေတာ့ Rosé ဘယ္လုိခံစားရလဲ ?
— – – John Mayer ဆီရတဲ့ လက္ေဆာင္ကုိ Rosé အေနနဲ႔ …
BLACKPINK အဖဲြ႕၀င္ Rosé ဟာ Elle မဂၢဇင္းအတြက္ အလွဓာတ္ပုံေတြ ႐ုိက္ကူးရင္ အင္တာဗ်ဴးပါ ျပဳလုပ္ခဲ့ပါတယ္။ ဒီအင္တာဗ်ဴးကေတာ့ Elle က ေမးတာမ်ဳိးမဟုတ္ဘဲ ပရိသတ္ေတြက ေမးထားတဲ့ ေမးခြန္းေတြကုိ Rosé က ျပန္ေျဖခဲ့တာပါ။
ပရိသတ္ေတြရဲ႕ ေမးခြန္းေတြထဲမွာ တစ္ခုက … “John Mayer ဆီက လွပတဲ့ ဂစ္တာေလးတစ္လက္ လက္ေဆာင္ရတယ္လုိ႔ သိရပါတယ္။ အဲဒီအတြက္ ဘယ္လုိခံစားရပါသလဲ”လုိ႔ ေမးျမန္းထားတာပါ။
Rosé က “အဲဒီဂစ္တာကုိ လက္ခံရပုံက ဒီလုိပါ။ ကုမၸဏီက လူေတြက ကၽြန္မကုိ အဲဒီဂစ္တာ Surprise လုပ္ခဲ့ၾကတာပါ။ သူတုိ႔က ငါတုိ႔ မင္းကုိ တစ္ခုခုေပးတယ္။ ဒါက အရမ္းအေရးႀကီးတယ္လုိ႔ ဆုိၾကတယ္။ ဒီေတာ့ ကၽြန္မကလည္း အရမ္းအေရးႀကီးတဲ့ အရာျဖစ္မယ္လုိ႔ ထင္ခဲ့တာပါ။
သူတုိ႔က John Mayer က မင္းကုိ ဒါေလး ေပးေစခ်င္တယ္ဆုိၿပီး ဂစ္တာေလးကုိ ထုတ္ေပးတာပါ။ ကၽြန္မ အရမ္းသေဘာက်ပါတယ္။ ၿပီးေတာ့ John Mayer အေနနဲ႔ ကၽြန္မဆုိထားတဲ့ Cover သီခ်င္းကို ျပန္တင္ေပးတဲ့အတြက္ေရာ၊ ကၽြန္မကုိ ခ်ီးက်ဴးတဲ့အတြက္ပါ အရမ္းေက်းဇူးတင္ပါတယ္။ သူေပးတ့ဲ ပန္းေရာင္ဂစ္တာကုိ အျမတ္တႏုိးနဲ႔ ကၽြန္မ တစ္သက္လုံးသိမ္းထားမွာပါ”လုိ႔ ျပန္ေျဖခဲ့ပါတယ္။
ဆက္ၿပီးေတာ့ Rosé က John Mayer ဟာ သူတုိ႔မ်ဳိးဆက္ေတြအတြက္ ဂီတနဲ႔ပတ္သက္တဲ့ ဂႏၳ၀င္ျဖစ္ၿပီး ဂစ္တာလက္ေဆာင္ရတဲ့ စိတ္လႈပ္ရွားရသလုိ၊ အရမ္းလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ေသးတာပါ။
Rosé ဟာ JTBC variety show ျဖစ္တဲ့ Sea of Hope မွာ ဧည့္သည္အျဖစ္ ပါ၀င္ခ့ဲတုန္းက John Mayer ရဲ႕ Slow Dancing in a Burning Room သီခ်င္းကုိ Cover သီဆုိေပးခဲ့တာျဖစ္ၿပီး အဲဒီအတြက္လည္း John Mayer က Rosé ကုိ ခ်ီးက်ဴးစကားဆုိခဲ့ပါတယ္။
Ref: Soompi