K pop

■ Pink Blone ပြီးရင် Rosé အထားချင်ဆုံး ဆံပင်အရောင်

— – – ဒီအရောင်က Rosé ထားခဲ့ဖူးတဲ့ အရောင်ဖြစ်ပြီး အဲဒီအရောင်နဲ့ဆိုရင် …

BLACKPINK အဖွဲ့ဝင် Rosé ဟာ Elle မဂ္ဂဇင်းအတွက် အလှဓာတ်ပုံတွေ ရိုက်ကူးရင် အင်တာဗျူးပါ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးကတော့ Elle က မေးတာမျိုးမဟုတ်ဘဲ ပရိသတ်တွေက မေးထားတဲ့ မေးခွန်းတွေကို Rosé က ပြန်ဖြေခဲ့တာပါ။

ပရိသတ်တွေရဲ့ မေးခွန်းတွေထဲမှာ တစ်ခုက … “Pink Blone ပြီးရင် အကြိုက်ဆုံး ဆံပင်အရောင်ကို ပြောပြပါ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

အဲဒီမေးခွန်းကို Rosé က “ကျွန်မအနေနဲ့ ဆံပင်ကို ငွေရောင်ဆိုးရတာ နှစ်သက်တယ်လို့ ထင်ပါတယ်။ ကျွန်မအနေနဲ့ ဆံပင်အရောင်ကို မျိုးစုံဆေးဆိုးခဲ့ဖူးပေမဲ့ ငွေရောင်ကိုတော့ တစ်ခါပဲ ဆိုးခဲ့ဖူးတာပါ။

ဆံပင်ကို ငွေရောင်ဆိုးပြီးတဲ့အချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်။ ငွေရောင်ဆံပင်နဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ရင် လွမ်းနေမိတုန်းပါပဲ။ ငွေရောင်ဆံပင်နဲ့ Chic ဖြစ်တယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Rosé ဟာ BLACKPINK အဖွဲ့ရဲ့ ၂၀၂၀ ထုတ် နာမည်ကျော် သီချင်း How You Like That ထုတ်တုန်းက ဆံပင်ကို ငွေရောင်ဆိုးခဲ့တာပါ။

Ref: Soompi

 

-Zawgyi

■ Pink Blone ၿပီးရင္ Rosé အထားခ်င္ဆုံး ဆံပင္အေရာင္

— – – ဒီအေရာင္က Rosé ထားခဲ့ဖူးတဲ့ အေရာင္ျဖစ္ၿပီး အဲဒီအေရာင္နဲ႔ဆုိရင္ …

BLACKPINK အဖဲြ႕၀င္ Rosé ဟာ Elle မဂၢဇင္းအတြက္ အလွဓာတ္ပုံေတြ ႐ုိက္ကူးရင္ အင္တာဗ်ဴးပါ ျပဳလုပ္ခဲ့ပါတယ္။ ဒီအင္တာဗ်ဴးကေတာ့ Elle က ေမးတာမ်ဳိးမဟုတ္ဘဲ ပရိသတ္ေတြက ေမးထားတဲ့ ေမးခြန္းေတြကုိ Rosé က ျပန္ေျဖခဲ့တာပါ။

ပရိသတ္ေတြရဲ႕ ေမးခြန္းေတြထဲမွာ တစ္ခုက … “Pink Blone ၿပီးရင္ အႀကိဳက္ဆုံး ဆံပင္အေရာင္ကုိ ေျပာျပပါ” ဆုိတဲ့ ေမးခြန္းျဖစ္ပါတယ္။

အဲဒီေမးခြန္းကုိ Rosé က “ကၽြန္မအေနနဲ႔ ဆံပင္ကုိ ေငြေရာင္ဆုိးရတာ ႏွစ္သက္တယ္လုိ႔ ထင္ပါတယ္။ ကၽြန္မအေနနဲ႔ ဆံပင္အေရာင္ကုိ မ်ဳိးစုံေဆးဆုိးခဲ့ဖူးေပမဲ့ ေငြေရာင္ကုိေတာ့ တစ္ခါပဲ ဆုိးခဲ့ဖူးတာပါ။

ဆံပင္ကုိ ေငြေရာင္ဆုိးၿပီးတဲ့အခ်ိန္မွာ ကၽြန္မ အရမ္းစိတ္လႈပ္ရွားခဲ့ရပါတယ္။ ေငြေရာင္ဆံပင္နဲ႔ ဓာတ္ပုံေတြကုိ ျပန္ၾကည့္ရင္ လြမ္းေနမိတုန္းပါပဲ။ ေငြေရာင္ဆံပင္နဲ႔ Chic ျဖစ္တယ္လုိ႔ ထင္ပါတယ္”ဆုိၿပီး ေျပာဆုိခဲ့ပါတယ္။

Rosé ဟာ BLACKPINK အဖဲြ႕ရဲ႕ ၂၀၂၀ ထုတ္ နာမည္ေက်ာ္ သီခ်င္း How You Like That ထုတ္တုန္းက ဆံပင္ကုိ ေငြေရာင္ဆုိးခဲ့တာပါ။

Ref: Soompi

 

 

 

 

 

 

 

You cannot copy content of this page