K pop

■ COVID-19 က အပြည့်အ၀ ပြန်ကောင်းလာတဲ့ Xiumin က ပရိသတ်တွေကို နှုတ်ဆက်

— – – COVID-19 ရောဂါကနေ အပြည့်အဝပြန်ကောင်းလာတဲ့ Xiumin က EXO-L တွေကို …

သြဂုတ်လ (၂၂)ရက်မှာ EXO အဖွဲ့ဝင် Xiumin က Lysn app ရဲ့ Bubble account အကောင့်ကနေ ပရိသတ်တွေကို သူ့ရဲ့ဓာတ်ပုံတစ်ပုံနဲ့ နှုတ်ဆက်စာ အတိုလေး ရေးသားခဲ့ပါတယ်။

လက်ကို အသည်းပုံစံလုပ်ထားတဲ့ပုံနဲ့အတူ Xiumin က “ကျွန်တော် ကျန်းမာစွာနဲ့ ပြန်လာပါပြီ။ ခင်ဗျား(ပရိသတ်တွေ)တို့ကို စိုးရိမ်စေခဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်”လို့ ရေးသားထားတာပါ။

Xiumin ဟာ သြဂုတ်လ (၅)ရက်က PCR test စစ်ဆေးရာမှာ COVID-19 Positive တွေ့ခဲ့တာဖြစ်ပြီး အဲဒီနောက် ရောဂါလက္ခဏာတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်ခံရတာကြောင့် Xiumin ဟာ အနုပညာလှုပ်ရှားမှုတွေကို ရပ်တန့်ခဲ့ပြီး အနားယူခဲ့ရပါတယ်။

အခု Xiumin အနေနဲ့ COVID-19 ရောဂါကနေ အပြည့်အ၀ ပြန်ကောင်းလာပြီဖြစ်ကြောင်း SM Entertainment က အတည်ပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

Xiumin အနေနဲ့ ပြန်လည်ကျန်းမာလာပြီဖြစ်တာကြောင့် စက်တင်ဘာ (၇)ရက်မှာ ပြုလုပ်မယ့် Hadestown လို့ အမည်ပေးထားတဲ့ Musical အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref: Soompi

 

-Zawgyi








Ref: Soompi

 

 

 

 

 

 

 

 

 

You cannot copy content of this page