K pop

■ Starship က အမျိုးသမီးအဖွဲ့သစ် ပွဲထုတ်မှာဖြစ်ပြီး IZ*ONE အဖွဲ့ဝင် (၂)ဦး ပါမယ်လို့ သတင်းထွက်

— – – ဒီနှစ်အတွင်း ပွဲထုတ်မယ့် Starship က အမျိုးသမီးအဖွဲ့သစ်မှာ IZ*ONE အဖွဲ့ဝင်တွေ ဖြစ်တဲ့ …

Starship Entertainment က သူတို့အနေနဲ့ ဒီနှစ် ဒုတိယနှစ်ဝက်မှာ အမျိုးသမီးအဖွဲ့သစ်တစ်ခု ပွဲထုတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Starship Entertainment အတွင်းလူက အဲဒီအကြောင်းနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

သူက “ဒီနှစ် ဒုတိယနှစ်ဝက်မှာ အမျိုးသမီးအဖွဲ့သစ် ပွဲထုတ်ဖို့ စီစဉ်နေပါတယ်။ အခု ဒုတိယနှစ်ဝက်ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ ပွဲထုတ်မယ့်နေ့ရက်ကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ အဲဒီအတွက်တော့ နားလည်ပေးစေလိုပါတယ်”လို့ ဆိုခဲ့ပါတယ်။

ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ Starship Entertainment က ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့သစ်မှာ IZ*ONE အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Jang Won Young နဲ့ An Yu Jin တို့ ပါဝင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Mnet’s 2018 survival show “Produce 48” က ပွဲထုတ်တဲ့ IZ*ONE အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလက ဖျက်သိမ်းခဲ့ပြီး အဲဒီပြိုင်ပွဲမှာ Jang Won Young က အဆင့်(၁)နဲ့ An Yu Jin က အဆင့် (၅) ရရှိခဲ့တာပါ။

Ref: Soompi

 

-Zawgyi

■ Starship က အမ်ဳိးသမီးအဖဲြ႕သစ္ ပဲြထုတ္မွာျဖစ္ၿပီး IZ*ONE အဖဲြ႕၀င္ (၂)ဦး ပါမယ္လုိ႔ သတင္းထြက္

— – – ဒီႏွစ္အတြင္း ပဲြထုတ္မယ့္ Starship က အမ်ဳိးသမီးအဖဲြ႕သစ္မွာ IZ*ONE အဖဲြ႕၀င္ေတြ ျဖစ္တဲ့ …

Starship Entertainment က သူတုိ႔အေနနဲ႔ ဒီႏွစ္ ဒုတိယႏွစ္၀က္မွာ အမ်ဳိးသမီးအဖဲြ႕သစ္တစ္ခု ပဲြထုတ္သြားမယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။ Starship Entertainment အတြင္းလူက အဲဒီအေၾကာင္းနဲ႔ ပတ္သက္လုိ႔ အခုလိုေျပာပါတယ္။

သူက “ဒီႏွစ္ ဒုတိယႏွစ္၀က္မွာ အမ်ဳိးသမီးအဖဲြ႕သစ္ ပဲြထုတ္ဖုိ႔ စီစဥ္ေနပါတယ္။ အခု ဒုတိယႏွစ္၀က္ကုိ ေရာက္ရွိေနၿပီျဖစ္ေပမဲ့ ပဲြထုတ္မယ့္ေန႔ရက္ကုိေတာ့ ကၽြန္ေတာ္တုိ႔ အတည္မျပဳႏုိင္ေသးပါဘူး။ အဲဒီအတြက္ေတာ့ နားလည္ေပးေစလုိပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။

ကုိရီးယားမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ Starship Entertainment က ပဲြထုတ္မယ့္ အမ်ဳိးသမီးအဖဲြ႕သစ္မွာ IZ*ONE အဖဲြ႕၀င္ေဟာင္းေတြျဖစ္တဲ့ Jang Won Young နဲ႔ An Yu Jin တုိ႔ ပါ၀င္ဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

Mnet’s 2018 survival show “Produce 48” က ပဲြထုတ္တဲ့ IZ*ONE အဖဲြ႕ဟာ ၿပီးခဲ့တဲ့ ဧၿပီလက ဖ်က္သိမ္းခဲ့ၿပီး အဲဒီၿပိဳင္ပဲြမွာ Jang Won Young က အဆင့္(၁)နဲ႔ An Yu Jin က အဆင့္ (၅) ရရွိခဲ့တာပါ။

Ref: Soompi

You cannot copy content of this page