K pop

■ တာလီဘန်တွေကြောင့် BTS Album တွေကို ဖျက်စီးပစ်ရမဲ့ အခြေအနေနဲ့ အာဖဂန် ARMY တွေ ရင်ဆိုင်နေရ

– – -အာဖဂန် ARMY တွေအနေနဲ့ တာလီဘန်တွေကြောင့် စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရပြီး BTS ARMY တွေကို..

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ တစ်ကျော့ပြန် အာဏာရပြီးနောက်ပိုင်း အာဖဂန်ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေခဲ့ရတာပါ။

ဒါကြောင့် တာလီဘန်တွေ အာဏာရရှိအပြီးနောက် ပြည်သူတွေဟာ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့ကြတာ တွေ့မြင်ရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ဆိုးရွားတဲံ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာ စိုးရိမ်လျက်ရှိနေတာပါ။

တလောကတုန်းက JTBC News က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆယ်ကျော်သက်အမျိုးသမီးတွေအကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီမှာ အာဖဂန်အမျိုးသမီးငယ်တွေက သူတို့အနေနဲ့ တာလီဘန်တွေကို အလွန်ကြောက်ရွှံ့နေရကြောင်း၊ တာလီဘန်တွေ အာဏာရပြီးကတည်းက အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒီအထဲမှာ K-pop ပရိသတ်တွေကလည်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အသက် ၁၈ နှစ်အရွယ် BTS ပရိသတ် ကျောင်းသူတစ်ဦးက သူမတို့အနေနဲ့ BTS Album တွေကို ဖျက်စီးပစ်ရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ အခြေအနေက BTS Album တွေကို မီးရှို့ရင်ရှို့ ဒါမှမဟုတ် ဖွက်ထားရဖို့ ရင်ဆိုင်နေရပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ အရင်တုန်းကတော့ တာလီဘန်တွေဟာ ခေတ်ပေါ်သီချင်းတွေကို နားထောင်ခွင့် ပိတ်ပင်ခဲ့တာပါ။

-Ref: Koreaboo

You cannot copy content of this page