K pop

■ ပရိသတ်တစ်ဦးရဲ့ အားပေးမှုကြောင့် မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတဲ့ Joy

– – -ဖိအားတွေများတယ်လို့ ဖွင့်ဟခဲ့ဖူးတဲ့ Joy ကို ပရိသတ်တစ်ဦးက…

Red Velvet အဖွဲ့ဝင် Joy ဟာ ပရိသတ်တစ်ဦးရဲ့ အားပေးမှုကြောင့် မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရဖူးတာပါ။ အခုနှစ်အစောပိုင်းမှာ Joy အနေနဲ့ Jessi ရဲ့ Showterview with Jessi မှာ ပါဝင်ခဲ့တာပါ။

အဲဒီမှာ Joy က ပထမဆုံးAlbum ဖန်တီးရာမှာ ဖိအားတွေအလွန်များပြားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီစကားကို ပရိသတ်တစ်ဦးက မှတ်ထားခဲ့ပြီး Joy နဲ့ Video Call ပြောခွင့်ရရာမှာတော့ အားပေးခဲ့ပါတယ်။

“Sooyoung ရေမင်းက ငါရဲ့ဗီတာမင်ပါပဲ။ Showterview with Jessi မှာ ဖိအားတွေ အရမ်းများရတဲ့အကြောင်း မင်းပြောခဲ့တယ်နော်။ အချိန်တိုင်းမှာ မင်းအနားမှာ ငါတို့ ရှိနေတဲ့အကြောင်း တကယ့်ကို ပြောပြချင်ခဲ့တာပါ။ ငါတို့က မင်းကို အမြဲတမ်း ထောက်ခံပြီး အားပေးနေတာပါ။ အနည်းဆုံး ဒါလေးတော့ မင်းကို သိစေချင်ပါတယ်”လို့ ပရိသတ်တစ်ဦးက ဆိုခဲ့ပါတယ်။

ဒီလိုမျိုး ပရိသတ်ရဲ့ အားပေးစကားကိုကြားပြီးနောက် Joy ဟာ မျက်ရည်မခိုင် ဖြစ်ခဲ့ရပါတယ်။ ဒီအခါ ပရိသတ်က “ငါတို့ အခု ဖရဲသီးစာရတော့မယ် ထင်တယ်”လို့ အရွှန်းဖောက်ခဲ့ပြန်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page