K pop

■ K-pop Idol တွေက ခပ်ငယ်ငယ် ဘော်ဒီဂတ်တွေကို ဘာလို့အခန့် နည်းကြတာလဲ

– – – K-pop Idol တွေအနေနဲ့ ခပ်ငယ်ငယ် ဘော်ဒီဂတ်တွေကို ခန့်အပ်တာ ဘာလို့ နည်းပါးရသလဲဆိုတော့…

YouTube channel AYO မှာ K-pop နယ်ပယ်ထဲ ဝါရင့် ဘော်ဒီဂတ်နှစ်ဦးဖြစ်တဲ့ Yang Tae Il နဲ့ Jung Seung Minတို့ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ သူတို့နှစ်ယောက်ဟာ K-pop Idol တွေရဲ့အကြောင်း၊ သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဘော်ဒီဂတ်အကြောင်း ဆွေးနွေးတင်ဆက်ခဲ့တာပါ။

ဒီမှာ K-pop Idol တွေအနေနဲ့ ဘော်ဒီဂတ်ကို ရွေးချယ်ရာမှာ ခပ်ငယ်ငယ်တွေထက် ဝါရင့်တွေကိုဘာလို့ ရွေးချယ်ရသလဲဆိုတာပါ ဖွင့်ဟခဲ့ပါတယ်။ “BTS နဲ့ BLACKPINK တို့လို ထိပ်တန်း အဖွဲ့တွေအနေနဲ့ အတွေ့အကြုံရင့် ဘော်ဒီဂတ်တွေကို ခန့်သင့်သလားလို့ ပရိသတ်တွေက မေးခဲ့ပါတယ်။

ဒီမေးခွန်းကို Jung Seung Min က ထောက်ခံခဲ့ပြီး ခပ်ငယ်ငယ် ဘော်ဒီဂတ်တွေ အမှားကျူးလွန်လေ့ရှိကြောင်း၊ K-pop Idol တွေဟာ ပုံမှန်လူတွေထက် ပိုပြီးကာကွယ်မှုပေးရကြောင်း ဆိုခဲ့ပါတယ်။

“Idol တွေကို ပို့ဆောင်ရာမှာ တစ်ခါတစ်လေ ခပ်ငယ်ငယ် ဘော်ဒီဂတ်တွေက အမှားကျူးလွန်လေ့ ရှိကြပါတယ်။ ခပ်ငယ်ငယ် ဘော်ဒီဂတ်တွေအနေနဲ့ Idol တွေဘေးနားမှာရပ်လို့ သူတို့အမှားလုပ်မိရင် Idol တွေ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်”လို့ Jung Seung Min က ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page