— – – Crush နဲ့ Dating လုပ်တဲ့သတင်းထွက်လာပြီးနောက်မှာ Joy က လက်ရေးစာမူနဲ့အတူ ပရိသတ်တွေကို …
သြဂုတ် (၂၃)ရက်မှာ Sports Chosun က တစ်ကိုယ်တော်အဆိုတော် Crush နဲ့ Red Velvet အဖွဲ့ဝင် Joy တို့ တွဲနေကြောင်း ဖော်ပြခဲ့ပြီး မကြာခင်မှာပဲ အနုပညာရှင်တွေရဲ့ သက်ဆိုင်ရာအေဂျင်စီတွေက သူတို့ တွဲနေကြောင်း ချက်ချင်းဆိုသလို အတည်ပြုပေးခဲ့တာပါ။
အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့ Joy က Red Velvet အဖွဲ့ရဲ့ Fan Community မှာ လက်ရေးစာတစ်စောင် တင်ခဲ့ပါတယ်။ Joy ရဲ့ လက်ရေးစာမှာ ရေးသားထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Joy က “ဒီနေ့သတင်းနဲ့ အံ့သြစေခဲ့တဲ့ ပရိသတ်တွေကို ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့ကို ရှေ့ဆက်နိုင်အောင် ခွင့်လွှတ်ပေးမယ်ဆိုရင် အရမ်းကောင်းမှာပါ။ အခုလို အံ့အားသင့်စရာသတင်းထွက်ပေါ်လာတဲ့အတွက် တောင်းပန်ပါတယ်။
Red Velvet အဖွဲ့ရဲ့ Comeback နဲ့ အဖွဲ့ဝင်တွေ စုံစုံလင်လင်နဲ့ ဖျော်ဖြေတာတွေကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှားနေတယ်ဆိုတာကို ကျွန်မ သိပါတယ်။ အခုလိုအချိန်မှာ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုကို ကျွန်မရဲ့ Dating သတင်းနဲ့ စိတ်ပူပန်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။
ကျွန်မတို့အနေနဲ့ အခုမှ တစ်ဦးရဲ့ခံစားချက်ကို တစ်ဦး နားလည်ဖို့ ကြိုးစားနေတုန်းပဲ ရှိသေးပြီး အခုလို သတင်းထွက်ပေါ်လာတဲ့အတွက် အံ့သြရပါတယ်။ ကျွန်မထက်ပိုပြီး ပရိသတ်တွေက ပိုပြီးအံ့သြမယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်။
ပရိသတ်တွေအနေနဲ့ နားလည်ပြီး ကျွန်မကို ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်။ တကယ်မျှော်လင့်တာပါ။ တစ်နေ့လုံးစိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မအနေနဲ့ အလုပ်ကို အခုထက်ပိုပြီး ကြိုးစားသွားမှာဖြစ်ပြီး အနာဂတ်အတွက် စိတ်မပူကြပါနဲ့။ ချစ်ရပါသော ReVelus များ တောင်းပန်ပါတယ်။ ချစ်ပါတယ်”ဆိုပြီး ရေးသားထားတာပါ။
Ref: SBS News
-Zawgyi
■ Crush နဲ႔ Dating ေနေၾကာင္း အတည္ျပဳၿပီးေနာက္ Joy ပထမဆုံး စေျပာၿပီ
— – – Crush နဲ႔ Dating လုပ္တဲ့သတင္းထြက္လာၿပီးေနာက္မွာ Joy က လက္ေရးစာမူနဲ႔အတူ ပရိသတ္ေတြကို …
ၾသဂုတ္ (၂၃)ရက္မွာ Sports Chosun က တစ္ကုိယ္ေတာ္အဆုိေတာ္ Crush နဲ႔ Red Velvet အဖဲြ႕၀င္ Joy တုိ႔ တဲြေနေၾကာင္း ေဖာ္ျပခဲ့ၿပီး မၾကာခင္မွာပဲ အႏုပညာရွင္ေတြရဲ႕ သက္ဆုိင္ရာေအဂ်င္စီေတြက သူတုိ႔ တဲြေနေၾကာင္း ခ်က္ခ်င္းဆုိသလုိ အတည္ျပဳေပးခဲ့တာပါ။
အဲဒီသတင္းထြက္ေပၚလာၿပီးေနာက္မွာေတာ့ Joy က Red Velvet အဖဲြ႕ရဲ႕ Fan Community မွာ လက္ေရးစာတစ္ေစာင္ တင္ခဲ့ပါတယ္။ Joy ရဲ႕ လက္ေရးစာမွာ ေရးသားထားတာေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။
Joy က “ဒီေန႔သတင္းနဲ႔ အံ့ၾသေစခဲ့တဲ့ ပရိသတ္ေတြကို ကၽြန္မ ေတာင္းပန္ပါတယ္။ ကၽြန္မတုိ႔ကုိ ေရွ႕ဆက္ႏုိင္ေအာင္ ခြင့္လႊတ္ေပးမယ္ဆုိရင္ အရမ္းေကာင္းမွာပါ။ အခုလုိ အံ့အားသင့္စရာသတင္းထြက္ေပၚလာတဲ့အတြက္ ေတာင္းပန္ပါတယ္။
Red Velvet အဖဲြ႕ရဲ႕ Comeback နဲ႔ အဖဲြ႕၀င္ေတြ စုံစုံလင္လင္နဲ႔ ေဖ်ာ္ေျဖတာေတြေၾကာင့္ ပရိသတ္ေတြ စိတ္လႈပ္ရွားေနတယ္ဆုိတာကုိ ကၽြန္မ သိပါတယ္။ အခုလုိအခ်ိန္မွာ ပရိသတ္ေတြရဲ႕ စိတ္လႈပ္ရွားမႈကုိ ကၽြန္မရဲ႕ Dating သတင္းနဲ႔ စိတ္ပူပန္ေအာင္ လုပ္မိတဲ့အတြက္ ေတာင္းပန္ပါတယ္။
ကၽြန္မတုိ႔အေနနဲ႔ အခုမွ တစ္ဦးရဲ႕ခံစားခ်က္ကုိ တစ္ဦး နားလည္ဖုိ႔ ႀကိဳးစားေနတုန္းပဲ ရွိေသးၿပီး အခုလုိ သတင္းထြက္ေပၚလာတဲ့အတြက္ အံ့ၾသရပါတယ္။ ကၽြန္မထက္ပုိၿပီး ပရိသတ္ေတြက ပုိၿပီးအံ့ၾသမယ္ဆုိတာကုိ ကၽြန္မ နားလည္ပါတယ္။
ပရိသတ္ေတြအေနနဲ႔ နားလည္ၿပီး ကၽြန္မကုိ ဆက္လက္အားေပးဖုိ႔ ေမွ်ာ္လင့္ပါတယ္။ တကယ္ေမွ်ာ္လင့္တာပါ။ တစ္ေန႔လုံးစိတ္ပူေစခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။ ကၽြန္မအေနနဲ႔ အလုပ္ကုိ အခုထက္ပုိၿပီး ႀကိဳးစားသြားမွာျဖစ္ၿပီး အနာဂတ္အတြက္ စိတ္မပူၾကပါနဲ႔။ ခ်စ္ရပါေသာ ReVelus မ်ား ေတာင္းပန္ပါတယ္။ ခ်စ္ပါတယ္”ဆုိၿပီး ေရးသားထားတာပါ။
Ref: SBS News