— – – အေဂျင်စီတွေက အတည်ပြုထားတဲ့ Crush နဲ့ Joy ရဲ့ အချစ်ဇာတ်လမ်းက ဒီလို …
သြဂုတ် (၂၃)ရက်မှာ Sports Chosun က တစ်ကိုယ်တော်အဆိုတော် Crush နဲ့ Red Velvet အဖွဲ့ဝင် Joy တို့ တွဲနေကြောင်း ဖော်ပြခဲ့ပြီး မကြာခင်မှာပဲ အနုပညာရှင်တွေရဲ့ သက်ဆိုင်ရာအေဂျင်စီတွေက သူတို့ တွဲနေကြောင်း ချက်ချင်းဆိုသလို အတည်ပြုပေးခဲ့တာပါ။
ဒါဆို Crush နဲ့ Joy တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်ကနေ စပါသလဲ။ ကိုရီးယားမီဒီယာတွေရဲ့ အဆိုအရ သူတို့ရဲ့ဆက်ဆံရေးဟာ ၂၀၂၀ မေလမှာ Mayday ဆိုတဲ့သီချင်းကို Collaborate လုပ်ရာကနေ စတယ်လို့ ဖော်ပြကြပါတယ်။
Collaborate ပြုလုပ်ပြီးနောက်မှာ Crush နဲ့ Joy တို့ဟာ ခွေးချစ်သူတွေဖြစ်ကြောင်း သိရှိခဲ့ကြပြီး အဲဒီကနေ သူတို့ရဲ့ ဆက်ဆံရေးဟာ ကြီးထွားလာကာ ချစ်သူတွေဖြစ်တဲ့ အဆင့်ထိ ရောက်ရှိခဲ့တာပါ။
Crush နဲ့ Joy တို့ဟာ သူတို့ရဲ့ ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ရင်း သူတို့ရဲ့ ဆက်ဆံရေးကို တစ်စထက် တစ်စမြင့်တင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချစ်သူတွေအဖြစ် ပရိသတ်တွေ သိခွင့်ရရှိခဲ့တာပါ။
Crush ဟာ ၁၉၉၂ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး Joy ကတော့ ၁၉၉၆ မှာ မွေးဖွားသူဖြစ်တာကြောင့် သူတို့နှစ်ဦးဟာ အသက် (၄)နှစ် ကွာဟပါတယ်။
Ref: SBS News
-Zawgyi
■ Crush နဲ့ Joy ရဲ့ အချစ်ဇာတ်လမ်း ဘယ်လိုစတင်ခဲ့သလဲ ?
Ref: SBS News