K pop

■ Album (၃)ချပ်နဲ့ Seungri ကို Support လုပ်ခဲ့တဲ့ G-Dragon

— – – Seungri ကို Support လုပ်ခဲ့သလို၊ BIGBANG အဖွဲ့နဲ့ ပတ်သက်လို့ သံသယဝင်နေသူတွေကို G-Dragon က သတိပေး …

ဒီသတင်းက နည်းနည်းတော့ ကြာပြီဖြစ်ပေမဲ့ King of K-Pop ရဲ့ IG က နက်နဲတဲ့ ဓာတ်ပုံတွေရဲ့ အဓိပ္ပာယ်ဟာ ကောင်းလွန်းတာကြောင့် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တာပါ။

သြဂုတ်လ (၁၉)ရက်က ကျရောက်ခဲ့တဲ့ BIGBANG အဖွဲ့ရဲ့ (၁၅)နှစ်ပြည့် အထိမ်းအမှတ်မှာ G-Dragon က BIGBANG ရဲ့ Album သုံးချပ်ကို တင်ခဲ့တာပါ။

ပထမပုံကတော့ BIGBANG အဖွဲ့ရဲ့ MADE Album Cover ဖြစ်ပြီး အဖွဲ့ဝင် (၅)ဦးကို ကိုယ်စားပြုတဲ့ မျဉ်း(၅)ကြောင်း ပါဝင်ပါတယ်။ အဲဒီမျဉ်းတွေထဲမှာ အလယ်ဆုံးမျဉ်းက နည်းနည်းမှိန်ပြီး ငယ်နေတာကို တွေ့ရမှာပါ။ ဒါက လက်ရှိမှာ ရုန်းကန်နေရတဲ့ Seungri ကို ကိုယ်စားပြုတာဖြစ်ပါတယ်။

ဒုတိယပုံကတော့ BIGBANG အဖွဲ့ရဲ့ Still Alive ဆိုတဲ့ Album ဖြစ်ပါတယ်။ သဘောက သူတို့ဟာ ဂီတလောကမှာ ရှင်သန်နေတုန်းပဲ။ သူတို့အနေနဲ့ ဘယ်လောက်ရုန်းကန်ရပါစေ ဒီနယ်ပယ်မှာ အသက်ရှိနေတုန်းပဲလို့ ဆိုလိုတာပါ။

တတိယပုံကတော့ BIGBANG အဖွဲ့ရဲ့ Remember ဆိုတဲ့ Album Cover ဖြစ်ပါတယ်။ ဒါကတော့ Kings of K-Pop၊ တောင်ကိုရီးယားရဲ့ National’s Boy Group အဖြစ် သတ်မှတ်ခံထားရတဲ့ BIGBANG အဖွဲ့ ရှိနေတုန်းဆိုတာ မေ့နေသူတွေကို အမှတ်ရဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

BIGBANG အဖွဲ့အနေနဲ့ သီချင်းမထုတ်တာ (၅)နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ ပရိသတ်တွေက သူတို့ သီချင်းသစ် ထုတ်မယ့်နေ့ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေဆဲဖြစ်ပြီး အဖွဲ့ဝင်(၅)လုံး စုံစုံလင်လင်နဲ့ Comeback လုပ်ဖို့ မျှော်လင့်နေကြတာပါ။

Ref: GD Instagram

 

-Zawgyi

■ Album (၃)ခ်ပ္နဲ႔ Seungri ကုိ Support လုပ္ခဲ့တဲ့ G-Dragon

— – – Seungri ကုိ Support လုပ္ခဲ့သလုိ၊ BIGBANG အဖဲြ႕နဲ႔ ပတ္သက္လုိ႔ သံသယ၀င္ေနသူေတြကုိ G-Dragon က သတိေပး …

ဒီသတင္းက နည္းနည္းေတာ့ ၾကာၿပီျဖစ္ေပမဲ့ King of K-Pop ရဲ႕ IG က နက္နဲတဲ့ ဓာတ္ပုံေတြရဲ႕ အဓိပၸာယ္ဟာ ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္တာပါ။

ၾသဂုတ္လ (၁၉)ရက္က က်ေရာက္ခဲ့တဲ့ BIGBANG အဖဲြ႕ရဲ႕ (၁၅)ႏွစ္ျပည့္ အထိမ္းအမွတ္မွာ G-Dragon က BIGBANG ရဲ႕ Album သုံးခ်ပ္ကုိ တင္ခဲ့တာပါ။

ပထမပုံကေတာ့ BIGBANG အဖဲြ႕ရဲ႕ MADE Album Cover ျဖစ္ၿပီး အဖဲြ႕၀င္ (၅)ဦးကုိ ကုိယ္စားျပဳတဲ့ မ်ဥ္း(၅)ေၾကာင္း ပါ၀င္ပါတယ္။ အဲဒီမ်ဥ္းေတြထဲမွာ အလယ္ဆုံးမ်ဥ္းက နည္းနည္းမွိန္ၿပီး ငယ္ေနတာကုိ ေတြ႕ရမွာပါ။ ဒါက လက္ရွိမွာ ႐ုန္းကန္ေနရတဲ့ Seungri ကို ကုိယ္စားျပဳတာျဖစ္ပါတယ္။

ဒုတိယပုံကေတာ့ BIGBANG အဖဲြ႕ရဲ႕ Still Alive ဆုိတဲ့ Album ျဖစ္ပါတယ္။ သေဘာက သူတုိ႔ဟာ ဂီတေလာကမွာ ရွင္သန္ေနတုန္းပဲ။ သူတုိ႔အေနနဲ႔ ဘယ္ေလာက္႐ုန္းကန္ရပါေစ ဒီနယ္ပယ္မွာ အသက္ရွိေနတုန္းပဲလုိ႔ ဆုိလုိတာပါ။

တတိယပုံကေတာ့ BIGBANG အဖဲြ႕ရဲ႕ Remember ဆုိတဲ့ Album Cover ျဖစ္ပါတယ္။ ဒါကေတာ့ Kings of K-Pop၊ ေတာင္ကုိရီးယားရဲ႕ National’s Boy Group အျဖစ္ သတ္မွတ္ခံထားရတဲ့ BIGBANG အဖဲြ႕ ရွိေနတုန္းဆုိတာ ေမ့ေနသူေတြကုိ အမွတ္ရဖုိ႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

BIGBANG အဖဲြ႕အေနနဲ႔ သီခ်င္းမထုတ္တာ (၅)ႏွစ္နီးပါး ရွိလာၿပီျဖစ္ေပမဲ့ ပရိသတ္ေတြက သူတုိ႔ သီခ်င္းသစ္ ထုတ္မယ့္ေန႔ကုိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေမွ်ာ္ေနဆဲျဖစ္ၿပီး အဖဲြ႕၀င္(၅)လုံး စုံစုံလင္လင္နဲ႔ Comeback လုပ္ဖုိ႔ ေမွ်ာ္လင့္ေနၾကတာပါ။

Ref: GD Instagram

You cannot copy content of this page