K pop

■ သြဂုတ်လအတွင်း K-Pop ရဲ့ အလှုပ်ခတ်ဆုံးသတင်း (၄)ခု

— – – Bobby ကစလို့ V, Soojin, Joy အထိ လှုပ်ခတ်ခဲ့တဲ့ သတင်းတွေကတော့ …

သြဂုတ်လအတွင်း K-Pop မှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Bobby ရှော့ခ်ဖြစ်စရာ ကြေညာချက်၊ V ရဲ့ ဂုဏ်ယူစရာသတင်း၊ Joy ရဲ့ Dating နဲ့ Soojin ရဲ့ စိတ်မကောင်းစရာသတင်းတွေက နေရာယူခဲ့တာပါ။

iKON Bobby ရဲ့ မင်္ဂလာသတင်း


သြဂုတ်လ (၂၀)ရက်နေ့မှာ iKON အဖွဲ့ဝင် Bobby က သူ့ရဲ့ IG မှာ လက်ရေးစာမူတစ်စောင်ကို တင်ခဲ့ပြီး သူ့အနေနဲ့ ချစ်ရတဲ့ကောင်မလေးနဲ့ သိပ်မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ကြောင်း၊ ဒါ့ပြင် စက်တင်ဘာမှာ သူဟာ ဖခင်တစ်ဦးဖြစ်တော့မှာဖြစ်ကာ မိသားစုဝင်သစ်အတွက် ပျော်ရွှင်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာပါ။

 

BESTTOPPER ရဲ့ Most Handsome Men in the World


BESTTOPPER ဝက်ဘ်ဆိုက် ’10 Most Handsome Men in the World’ စာရင်းကို ဖော်ပြခဲ့ရမှာ နာမည်ကျော် BTS အဖွဲ့ဝင် V က နံပါတ်(၁) နေရာမှာ ရပ်တည်ခဲ့ပြီး ကမ္ဘာကျော်မင်းသာ Brad Pitt က နံပါတ် (၂)၊ ကနေဒါမော်ဒယ်လ် Noah Mills က နံပါတ် (၃)နဲ့ Robert Pattinson က နံပါတ် (၄)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

 

(G)I-DLE အဖွဲ့က ထွက်ခွာလိုက်ရတဲ့ Soojin


K-Pop ပရိသတ်တွေအတွက် ဝမ်းနည်းစရာသတင်းဖြစ်ခဲ့ပါတယ်။ Soojin ဟာ ကျောင်းသူဘဝတုန်းက အတန်းဖော်တွေက အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရပြီးနောက်မှာ (G)I-DLE ရဲ့ အေဂျင်စီက (G)I-DLE အဖွဲ့ကနေ Soojin ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

 

Joy ရဲ့ Dating သတင်း


သြဂုတ်လ (၂၃)ရက်မှာတော့ တစ်ကိုယ်တော်အဆိုတော် Crush နဲ့ Red Velvet အဖွဲ့ဝင် Joy တို့ Date နေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ သက်ဆိုင်ရာအေဂျင်စီတွေက အမှန်ပါပဲလို့ အတည်ပြုခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

Ref: My Music Taste

 

-Zawgyi







Joy ရဲ့ Dating သတင်း

Ref: My Music Taste

You cannot copy content of this page