Celebrity

■ Jung Kyungho လို ချစ်တတ်သူမျိုးနဲ့တွေ့ရင် လုံး၀ လက်လွှတ်မခံပါနဲ့

မင်းသား Jung Kyungho လိုမျိုး ချစ်သူ Girls’ Generation အဖွဲ့ဝင် Sooyoung အပေါ် ချစ်တတ်သူ မျိုးနဲ့တွေ့ရင် ညယ်မတို့အနေနဲ့ လုံး၀ လက်လွှတ်မခံသင့်ပါဘူး . . .

မင်းသား Jung Kyungho နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့ရဲ့ ချစ်သက်တမ်းဟာ အခု ဆိုရင် (၈)နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ တည်ဆောက်ထားကြနေဆဲဖြစ်ပြီး ပရိ သတ်တွေ အားကျရတဲ့ Cele စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။

ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ‘marie claire’ နဲ့အင်တာဗျူးမှာ မင်းသား Jung Kyungho က ဒီနေ့ သူ ဒီလိုမျိုး အနုပညာနယ်ပယ်မှာရပ်တည်နိုင်တာဟာ Sooyoung ကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပြီး လိမ္မာတဲ့ချစ်သူတစ်ဦးဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အင်တာဗျူးမှာ အင်တာဗျူးသူက Jung Kyungho ကို “ ဒီနေ့ Jung Kyungho အဖြစ်ရပ်တည်နေနိုင် တဲ့အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ” လို့ မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Jung Kyungho က “ လွန်ခဲ့တဲ့ (၈)နှစ်အတွင်းမှာ ကျွန်တော် မိန်းကလေးတစ်ဦးနဲ့ပဲ တွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့လိုမျိုး Jung Kyungho အဖြစ်ရပ်တည်နိုင်အောင် Sooyoung ကပဲ ပြုလုပ်ပေးခဲ့တာပါ။ Sooyoung က ကောင်းတဲ့အကြံဉာဏ်တွေနဲ့ ဒါလေးလုပ်ဆိုရင် ကျွန်တော် လုပ် လိုက်ပါတယ်။ သူမက မကောင်းဘူး ဒါမလုပ်နဲ့ဆိုရင် ကျွန်တော် ရှောင်ကြဉ်လိုက်တာပါပဲ။ ခင်ဗျားတို့ လည်း ကိုယ့်ချစ်သူရဲ့စကားကို နားထောင်သင့်တယ်(ရယ်လျက်)” လို့ ပြန်ဖြေခဲ့ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page