K pop

■ဂျပန်မှာ Platinum Certified ကို အမြန်ဆုံးရတဲ့သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ BTS ရဲ့ သီချင်းတစ်ပုဒ်

– – – -BTS ရဲ့ သီချင်းတစ်ပုဒ်ဟာ ဂျပန်မှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တာ…

သြဂုတ်လ (၂၄) ရက်နေ့မှာတော့ Recording Industry Association of Japan (RIAJ) က BTS ရဲ့ Butter သီချင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ Butter အနေနဲ့ streams သန်း (၁၀၀) ကျော်လွန်သွားခဲ့ပြီးနောက် platinum certification ကို ရရှိခဲ့ပြီဖြစ်ကြောင်း RIAJ က ထုတ်ပြန်ခဲ့တာပါ။

Butter အနေနဲ့ RIAJ သမိုင်းတစ်လျှောက် platinum certification ကို အမြန်ဆုံး ရရှိခဲ့တဲ့သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Butter ဟာ စတင်ထုတ်လွှင့်ပြီး (၇၂) ရက်အကြာမှာပဲ platinum certification ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Butter အနေနဲ့ “Dynamite,” “Boy With Luv,” နဲ့ “Stay Gold.” တို့ပြီးနောက် RIAJ မှာ platinum certification ရရှိခဲ့တဲံ BTS ရဲ့ (၄) ပုဒ်မြောက်သီချင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဇူလိုင်လအတွက် platinum certification ကို ရရှိခဲ့တဲ့အထဲမှာ BTS က တစ်ဦးတည်းသော နိုင်ငံခြားသား အနုပညာရှင်လည်း ဖြစ်ခဲ့တာပါ။

-Ref: Koreaboo

You cannot copy content of this page