– — ဝက်ဝက်ကွဲအောင်မြင်ခဲ့ပေမဲ့ Sooyoung ဟာ အစပိုင်းမှာ ဒီသီချင်းကို နှစ်သက်ခဲ့ခြင်း မရှိဘဲ…
SNSD အဖွဲ့ဝင် Sooyoung ဟာ အဖွဲ့ (၁၄) နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Youtube မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။
အဲဒီမှာ Sooyoung ဟာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဖွင့်ဟရင်း SONES တွေနဲ့အတူ ရင်းရင်းနှီးနှီး စကားပြောခဲ့တာပါ။
ဒီမှာ Sooyoung အနေနနဲ့ အံ့အားသင့်ဖွယ် ဖွင့်ဟချက်တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတ်ယ။ ဒါကတော့ ှSNSD ရဲ့ အောင်မြင်ကျော်ကြာခးခဲ့တဲ့ The Boys သီချင်းကို သူမအနေနဲ့ အစောပိုင်းတုန်းက ကြိုက်နှစ်သက်ခဲ့ခြင်း မရှိကြောင်း ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
“ပြောရင် The Boys သီချင်းကို ကျွန်မမုန်းခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ ဒီသီချင်းဟာ အမေရိကဈေးကွက်ကို ထိုးဖောက်ဖို့ ရည်ရွယ်ထားခဲ့တာကြောင့် သူမတောင်မကြိုက်ရင် အမေရိကကလူတွေ ကြိုက်ပါ့မလားဆိုပြီး Sooyoung အတွေးဝင်မိခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှ ဒီသီချင်းက အလွန်ကောင်းမှန်း Sooyoung သိခဲ့ရပြီး ကြိုက်နှစ်သက်ခဲ့ကာ SM က ဒီသီချင်းကို မဖြစ်မနေ ဆိုရမယ်လို့ ဘာကြောင့်ပြောမှန်းနားလည်ရခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
-Ref: Koreaboo