K pop

■ IU နဲ့ သူမရဲ့ ဘော်ဒီဂတ်တို့ရဲ့ဆက်ဆံရေး ဘာလို့ ချစ်ဖို့ကောင်းနေရတာလဲ

– –ချစ်စရာကောင်းတဲ့ IU နဲ့ သူမ ဘော်ဒီဂတ်တို့ရဲ့ နောက်ကွယ်မှာ…

K-pop Idol နယ်ပယ်ထဲမှာ IUနဲ့ သူမရဲ့ ဘော်ဒီဂတ်တို့ရဲ့ ဆက်ဆံရေးကလည်း ချစ်စရာကောင်းတာ တွေ့ရမှာပါ။

AYO မှာ ဝါရင့်ဘော်ဒီဂတ်နှစ်ဦးဖြစ်တဲ့ Jeong Seung Min နဲ့ Yang Tae Il ပါဝင်ခဲ့ရာမှာတော့ IU နဲ့ ဘော်ဒီဂတ်တို့အကြောင်းလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

IU ရဲ့ ဘော်ဒီဂတ်ဟာ သူမရဲ့ ပုဂ္ဂိုလ်ရေး ဘော်ဒီဂတ်ဖြစ်လို့ သာမန်တွေနဲ့ ကွဲပြားနေရခြင်းဖြစ်ကြောင်း Yang Tae Il က ဖွင့်ဟခဲ့ပါတယ်။

“သူက IU ရဲ့ ကိုယ်ပိုင်ဘော်ဒီဂတ်အဖြစ် အချိန်တော်တော်ကြာ ထမ်းဆောင်ခဲ့တာပါ။ သူဟာ IU ကို ညီမလေးတစ်ယောက်လိုမျိုး သဘောထားတာကြောင့် သူတို့နှစ်ဦးက သက်သောင့်သက်သာ ရှိနေတာပါ။ IU အနေနဲ့ ချီခိုင်းတာတို့ကို ကြည့်ရင် သူမအနေနဲ့လည်း သက်သောင့်သက်သာ ခံစားရတာ တွေ့မြင်နိုင်ပါတယ်”လို့ Yang Tae Il က ဆိုခဲ့ပါတယ်။

ဆက်လက်ပြီးJeong Seung Min က သူတို့အနေနဲ့ Idol တွေကို အနုပညာရှင်လို့မမြင်ဘဲ ကလေးတစ်ယောက်လို မြင်ရမှာဖြစ်ကြောင်း၊ Idol အတွက် ဘေးကင်းလုံခြုံဖို့က အရေးကြီးဆုံးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page