— – – ဒီလုပ်ရပ်ပြီးနောက်မှာတော့ Selena Gomez x K-Pop ကို မြင်ရဖို့ …
ကမ္ဘာကို ကောင်းကောင်းထိုးဖောက်လာပြီဖြစ်တဲ့ K-Pop ဟာ အနောက်နိုင်ငံတွေမှာလည်း လွှမ်းမိုးမှု ရှိနေပြီး K-Pop Idol တွေနဲ့ ကမ္ဘာကျော်အဆိုတော်တွေရဲ့ Collaboration တွေကို ခပ်စိပ်စိပ် မြင်နေရပြီဖြစ်ပါတယ်။
အခုလည်း ကမ္ဘာကျော် အမေရိကန်အဆိုတော်၊ မင်းသမီး Selena Gomez ဟာ လက်ရှိ K-Pop ရဲ့ အကျော်ကြားဆုံး အဖွဲ့(၂)ဖွဲ့ကို Instagram မှာ Follow လုပ်ခဲ့တာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Selena Gomez ဟာ ကမ္ဘာကျော် K-Pop အဖွဲ့တွေဖြစ်တဲ့ BTS နဲ့ BLACKPINK အဖွဲ့တွေကို IG မှာ Follow လုပ်ခဲ့တာဖြစ်ပြီး ဒါကို ပရိသတ်တွေကလည်း သတိထားမိခဲ့ပါတယ်။
Selena Gomez ဟာ ၂၀၂၀ တုန်းက BLACKPINK အဖွဲ့နဲ့ Collaboration လုပ်ပြီး Ice Cream ဆိုတဲ့ သီချင်းကို ထုတ်ဝေခဲ့ရာမှာတော့ အတော်လေးကို အောင်မြင်မှုရခဲ့တာကို တွေ့ရပါတယ်။
BTS အဖွဲ့ဝင်တွေကလည်း သူတို့ဟာ Selena Gomez ရဲ့ ပရိသတ်တွေဖြစ်တယ်လို့ ဆိုထားပြီး RM နဲ့ V တို့ကတော့ Selena Gomez နဲ့ တွေ့ဆုံလိုကြောင်း အရင်အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။
အနာဂတ်မှာ Selena Gomez နဲ့ BTS၊ BLACKPINK အဖွဲ့တွေရဲ့ Collaboration တွေ မြင်တွေ့ရဖို့ ပရိသတ်တွေ မျှော်လင့်နေကြပြီး လောလောဆယ်မှာတော့ BLACKPINK နဲ့ Selena Gomez တို့ collaboration လုပ်ထားတဲ့ Ice Cream MV ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။
Ref: Koreaboo
-Zawgyi
■ Instagram မှာ Selena Gomez Follow လုပ်ခဲ့တဲ့ K-Pop အဖွဲ့(၂)ဖွဲ့
Ref: Koreaboo