K pop

■ SM မှာ လေ့ကျင့်ခဲ့ဖူးတဲ့ တက်သစ်စမင်းသမီးလေးကို လူတိုင်း သဘောကျ

— – – ပရိသတ်တွေဟာ သိပ်မကြာသေးခင်ကမှ သူမရဲ့အကြောင်းတွေကို …

Choi Hyo Zu လို့ အမည်ရတဲ့ တက်သစ်စမင်းသမီးလေးဟာ သူမရဲ့ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် ရေပန်းစားနေပြီး ပရိသတ်တွေက လူတိုင်းရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တယ်လို့ ဆိုနေကြပါတယ်။

သိပ်မကြာခင်ကတော့ ပရိသတ်တွေက Choi Hyo Zu အနေနဲ့ သရုပ်ဆောင်လောကကို မဝင်ရောက်ခင်က SM Entertainment မှာ K-Pop Idol ဖြစ်ဖို့ လေ့ကျင့်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ Choi Hyo Zu ဟာ SM Entertainment မှာ အကြာကြီး လေ့ကျင့်ခဲ့ခြင်းမရှိပေမဲ့ ပရိသတ်တွေကတော့ သူမရဲ့ အလှကို အသိအမှတ်ပြုခဲ့တယ်လို့ ပရိသတ်တွေက ဆိုပါတယ်။

Choi Hyo Zu ဟာ လက်ရှိမှာ Namoo Actors နဲ့ စာချုပ်ချုပ်ဆိုထားပြီး Namoo Actors ဟာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Song Kang, Seohyun, Park Min Young, Ji Sung, Lee Joon Gi တို့အပါအဝင် များစွာ အနုပညာရှင်တွေရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။

Choi Hyo Zu ဟာ ၁၉၉၉ မေလမှာ မွေးဖွားသူဖြစ်ပြီး Dongduk Women’s University မှာ Broadcasting and Entertainment ဘာသာရပ်ကို တက်ရောက်သင်ကြားနေသူဖြစ်ပြီး အနာဂတ်မှာ ကျော်ကြားလာမယ့် သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

Ref: SBS News

 

-Zawgyi







Ref: SBS News

You cannot copy content of this page