Celebrity

■ ဝိတ်ချည်းမနေလို့ ရည်စားဟောင်းနဲ့ ရန်ဖြစ်ခဲ့ရတဲ့ Kim Jong-kook

— – – ကျားကြီး အခုအချိန်အထိ လူပျိုကြီးဖြစ်နေတဲ့ အကြောင်းရင်းတွေထဲမှာ ….

နာမည်ကျော်အဆိုတော်နဲ့ Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Jong-kook က JTBC’s television show ‘Serimoney Club’ မှာ သူ့ရဲ့ဘဝနေထိုင်မှုနဲ့ အတိတ်က ရည်စားအကြောင်းကို ဖွင့်ဟဝန်ခံခဲ့တာပါ။

Talk Show တစ်ခုဖြစ်တဲ့ အဲဒီအစီအစဉ်ကို မင်းသား Lee Hyun Wook က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့ အချစ်အရေးအကြောင်း ခံစားချက်တွေကို ထုတ်ပြောခဲ့တာပါ။ အဲဒီမှာ Kim Jong-kook ကလည်း ရည်စားဟောင်းအကြောင်းကို ဖွင့်ဟခဲ့တာပါ။

Kim Jong-kook က “ကျွန်တော်တို့ တွဲတုန်းက စမတ်ဖုန်းတွေတောင် မပေါ်သေးပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် Message တွေ ပို့ကြတာပေါ့။ အဲဒီတုန်းက သုံးလေ့ရှိတဲ့ emojis တွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မသုံးဘူး။

ကျွန်တော်က လုံးဝတည်ငြိမ်အေးဆေးတဲ့ ပုံစံနဲ့ Message တွေပို့လေ့ရှိပြီး Gentleman တစ်ယောက်လို နေပြခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက ကျွန်တော် ဝိတ်တာကနေ စတာပဲ။ ကျွန်တော် ဝိတ်အရမ်းမတာက ကျွန်တော်တို့ ဆက်ဆံရေးအတွက် အတားအဆီးဖြစ်ခဲ့တာပါ။

နောက်ဆုံးတော့ ကျွန်တော့်ကောင်မလေးက နင်အတွက် ဝိတ်မတာက အရေးပိုကြီးသလား။ ငါက အရေးပိုကြီးသလားလို့ မေးမြန်းခဲ့တဲ့အထိပါ”လို့ ဆိုခဲ့ပါတယ်။ အဲဒီမေးခွန်းအတွက် သူ ဘာပြောခဲ့တယ်ဆိုတာက Kim Jong-kook ဖွင့်မပြောခဲ့ပါဘူး။

ဒါပေမဲ့ အခု သူတို့ လမ်းခွဲလိုက်ပြီဖြစ်တာကြောင့် Kim Jong-kook အတွက် ဝိတ်မတာက အရေးပါတယ်ဆိုတာကိုတော့ မြင်သာစေပါတယ်။

Ref: SBS News

 

-Zawgyi

■ ၀ိတ္ခ်ည္းမေနလုိ႔ ရည္စားေဟာင္းနဲ႔ ရန္ျဖစ္ခဲ့ရတဲ့ Kim Jong-kook

— – – က်ားႀကီး အခုအခ်ိန္အထိ လူပ်ဳိႀကီးျဖစ္ေနတဲ့ အေၾကာင္းရင္းေတြထဲမွာ ….

နာမည္ေက်ာ္အဆုိေတာ္နဲ႔ Running Man အဖဲြ႕၀င္တစ္ဦးျဖစ္တဲ့ Kim Jong-kook က JTBC’s television show ‘Serimoney Club’ မွာ သူ႕ရဲ႕ဘ၀ေနထုိင္မႈနဲ႔ အတိတ္က ရည္စားအေၾကာင္းကုိ ဖြင့္ဟ၀န္ခံခဲ့တာပါ။

Talk Show တစ္ခုျဖစ္တဲ့ အဲဒီအစီအစဥ္ကုိ မင္းသား Lee Hyun Wook က ဧည့္သည္အျဖစ္ ပါ၀င္ခဲ့ၿပီး သူ႕ရဲ႕ အခ်စ္အေရးအေၾကာင္း ခံစားခ်က္ေတြကုိ ထုတ္ေျပာခဲ့တာပါ။ အဲဒီမွာ Kim Jong-kook ကလည္း ရည္စားေဟာင္းအေၾကာင္းကုိ ဖြင့္ဟခဲ့တာပါ။

Kim Jong-kook က “ကၽြန္ေတာ္တုိ႔ တဲြတုန္းက စမတ္ဖုန္းေတြေတာင္ မေပၚေသးပါဘူး။ အဲဒီတုန္းက ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ Message ေတြ ပုိ႔ၾကတာေပါ့။ အဲဒီတုန္းက သုံးေလ့ရွိတဲ့ emojis ေတြ ရွိတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ဘယ္ေတာ့မွ မသုံးဘူး။

ကၽြန္ေတာ္က လုံး၀တည္ၿငိမ္ေအးေဆးတဲ့ ပုံစံနဲ႔ Message ေတြပုိ႔ေလ့ရွိၿပီး Gentleman တစ္ေယာက္လုိ ေနျပခဲ့တာပါ။ ဒါေပမဲ့ ျပႆနာက ကၽြန္ေတာ္ ၀ိတ္တာကေန စတာပဲ။ ကၽြန္ေတာ္ ၀ိတ္အရမ္းမတာက ကၽြန္ေတာ္တုိ႔ ဆက္ဆံေရးအတြက္ အတားအဆီးျဖစ္ခဲ့တာပါ။

ေနာက္ဆုံးေတာ့ ကၽြန္ေတာ့္ေကာင္မေလးက နင္အတြက္ ၀ိတ္မတာက အေရးပုိႀကီးသလား။ ငါက အေရးပုိႀကီးသလားလုိ႔ ေမးျမန္းခဲ့တဲ့အထိပါ”လုိ႔ ဆုိခဲ့ပါတယ္။ အဲဒီေမးခြန္းအတြက္ သူ ဘာေျပာခဲ့တယ္ဆုိတာက Kim Jong-kook ဖြင့္မေျပာခဲ့ပါဘူး။

ဒါေပမဲ့ အခု သူတုိ႔ လမ္းခဲြလုိက္ၿပီျဖစ္တာေၾကာင့္ Kim Jong-kook အတြက္ ၀ိတ္မတာက အေရးပါတယ္ဆုိတာကုိေတာ့ ျမင္သာေစပါတယ္။

Ref: SBS News

You cannot copy content of this page