— – – Love at first sight ဆိုတဲ့ စကားဟာ Crush နဲ့ Joy အတွက်တော့ ….
Crush နဲ့ Joy တို့ တွဲနေကြောင်း အတည်ပြုပြီးနောက်မှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် စတွေ့တုန်းက ဗီဒီယိုဖိုင်ဟာ ပြန်ပေါ်လာခဲ့ပြီး ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။
၂၀၂၀ မေလမှာ Crush နဲ့ Joy တို့ဟာ ‘Mayday’ ဆိုတဲ့ သီချင်းကို ထုတ်ခဲ့ကြပြီး အဲဒီတုန်းက သူတို့နှစ်ယောက် စတွေ့ခဲ့တာပါ။ စတွေ့တွေ့ချင်းမှာတော့ နှစ်ယောက်သား အရမ်းကို ရှက်နေခဲ့ကြတာပါ။
သူတို့ဟာ စတွေ့တွေ့ချင်း နှစ်ယောက်စလုံးက “အမာခံပရိသတ်ပါ။ မင်းရဲ့ သီချင်းတွေကို အရမ်းကြိုက်တယ်”လို့ ပြောဆိုခဲ့ကြပါတယ်။ အဲဒီနောက် Crush က Joy ကို သီချင်းအကြောင်း ရှင်းပြခဲ့ပြီး သူ့အသံက တုန်နေခဲ့တာပါ။
Crush က “အခု ကျွန်တော် ရင်တွေ အရမ်းခုန်နေတယ်။ ဒါကြောင့် ကျွန်တော် ကောင်းကောင်း မရှင်းပြနိုင်ဘူး ဖြစ်နေတယ်ဗျာ။ အဲဒီအတွက် တောင်းပန်ပါတယ်”လို့ Joy ကို ပြောဆိုခဲ့ပါတယ်။
အဲဒီအပြောကို Joy က အပြုံးကလေးနဲ့ “အာ … ကျွန်မလည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်မက ရှင့်ရဲ့ အကြီးစားပရိသတ်ပါ”လို့ ပြောဆိုခဲ့တာပါ။
သီချင်းသွင်းပြီးနောက်မှာ Crush က Joy ကို သူ့ရဲ့ Album တစ်ချပ်ကို လက်ဆောင်ပေးခဲ့ပြီး Joy က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး ဓာတ်ပုံအတူ ရိုက်ခဲ့ကြပြီး Crush နဲ့ Joy ပထမဆုံးစတွေ့တုန်းက ဘယ်လိုတောင် ရင်တွေခုန်နေကြတယ်ဆိုတာကို အောက်ကဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
Ref: SBS News
-Zawgyi
■ ျမင္ျမင္ခ်င္း ခ်စ္မိခဲ့ၾကတဲ့ Crush နဲ႔ Joy
— – – Love at first sight ဆုိတဲ့ စကားဟာ Crush နဲ႔ Joy အတြက္ေတာ့ ….
Crush နဲ႔ Joy တုိ႔ တဲြေနေၾကာင္း အတည္ျပဳၿပီးေနာက္မွာ သူတုိ႔ႏွစ္ေယာက္ ပထမဆုံးအႀကိမ္ စေတြ႕တုန္းက ဗီဒီယုိဖုိင္ဟာ ျပန္ေပၚလာခဲ့ၿပီး ပရိသတ္ေတြအၾကား ေရပန္းစားေနပါတယ္။
၂၀၂၀ ေမလမွာ Crush နဲ႔ Joy တုိ႔ဟာ ‘Mayday’ ဆုိတဲ့ သီခ်င္းကုိ ထုတ္ခဲ့ၾကၿပီး အဲဒီတုန္းက သူတုိ႔ႏွစ္ေယာက္ စေတြ႕ခဲ့တာပါ။ စေတြ႕ေတြ႕ခ်င္းမွာေတာ့ ႏွစ္ေယာက္သား အရမ္းကုိ ရွက္ေနခဲ့ၾကတာပါ။
သူတုိ႔ဟာ စေတြ႕ေတြ႕ခ်င္း ႏွစ္ေယာက္စလုံးက “အမာခံပရိသတ္ပါ။ မင္းရဲ႕ သီခ်င္းေတြကို အရမ္းႀကိဳက္တယ္”လုိ႔ ေျပာဆုိခဲ့ၾကပါတယ္။ အဲဒီေနာက္ Crush က Joy ကုိ သီခ်င္းအေၾကာင္း ရွင္းျပခဲ့ၿပီး သူ႕အသံက တုန္ေနခဲ့တာပါ။
Crush က “အခု ကၽြန္ေတာ္ ရင္ေတြ အရမ္းခုန္ေနတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ ေကာင္းေကာင္း မရွင္းျပႏုိင္ဘူး ျဖစ္ေနတယ္ဗ်ာ။ အဲဒီအတြက္ ေတာင္းပန္ပါတယ္”လုိ႔ Joy ကုိ ေျပာဆုိခဲ့ပါတယ္။
အဲဒီအေျပာကုိ Joy က အၿပံဳးကေလးနဲ႔ “အာ … ကၽြန္မလည္း အရမ္းစိတ္လႈပ္ရွားေနပါတယ္။ ကၽြန္မက ရွင့္ရဲ႕ အႀကီးစားပရိသတ္ပါ”လုိ႔ ေျပာဆုိခဲ့တာပါ။
သီခ်င္းသြင္းၿပီးေနာက္မွာ Crush က Joy ကုိ သူ႕ရဲ႕ Album တစ္ခ်ပ္ကုိ လက္ေဆာင္ေပးခဲ့ၿပီး Joy က ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဲဒီေနာက္ သူတုိ႔ႏွစ္ဦး ဓာတ္ပုံအတူ ႐ုိက္ခဲ့ၾကၿပီး Crush နဲ႔ Joy ပထမဆုံးစေတြ႕တုန္းက ဘယ္လုိေတာင္ ရင္ေတြခုန္ေနၾကတယ္ဆုိတာကုိ ေအာက္ကဗီဒီယုိမွာ ၾကည့္ႏုိင္ပါတယ္။
Ref: SBS News