— – – အဲဒီဆောင်ပုဒ်အတိုင်း နေထိုင်မယ်ဆိုရင် လူတိုင်း …
BTS အဖွဲ့ဟာ Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ဖူးပြီး အဲဒီမှာ အဖွဲ့ဝင်တွေက သူတို့အကြောင်းတွေ၊ အနုပညာလှုပ်ရှားမှုအကြောင်းတွေ၊ ဘဝအတွက် ခံယူချက်အကြောင်းတွေကို ပြောဆိုခဲ့ကြပါတယ်။
အဲဒီမှာ V အလှည့်ကျတော့ အင်တာဗျူးသမားက “V အနေနဲ့ ဘဝမှာ လက်ခံကျင့်သုံးတဲ့ Motto (ဆောင်ပုဒ်)များ ရှိသလား”လို့ မေးမြန်းခဲ့တာပါ။
သူ့ရဲ့မေးခွန်းကို V က “အခုအချိန်မှာ ကျွန်တော့်ဘဝက ပျော်စရာမကောင်းဘူး။ မပျော်ရဘူးဆိုရင် ဘယ်လို နေမလဲလို့ ကျွန်တော် စဉ်းစားကြည့်တယ်။ တကယ်လို့ အဲဒီလိုသာဆိုရင် ကျွန်တော် အသက်တောင် ရှင်ချင်မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။
ကျွန်တော့်အနေနဲ့ တစ်ဘဝမှာ တစ်ခါသာ နေရမှာပါ။ ဒီတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်ပြီး ပျော်စရာကောင်းတဲ့ အရာတွေကို ရှာဖွေရင်း နေထိုင်သွားမှာပါ”လို့ ဆိုခဲ့တာပါ။
Ref: Koreaboo
-Zawgyi
■ ဘ၀အတွက် BTS V လက်ခံကျင့်သုံးတဲ့ Motto
Ref: Koreaboo