K pop

■ Jalapeno အပါအဝင် Lucas ရဲ့ လှုပ်ရှားမှုတွေအားလုံး ဆိုင်းငံ့ထားကြောင့် SM Entertainment ထုတ်ပြန်

– – -SM Entertainment ရဲ့ ထုတ်ပြန်ချက်က ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး..

လတ်တလော ဖြစ်ပွားလျက်ရှိနေတဲ့ Lucas ရဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး SM က တရားဝင် ထုတ်ပြန်ချက် ပြုလုပ်ခဲ့ပါတယ်။

SM အနေနဲ့ အစောပိုင်းတုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်နေခဲ့ရာမှ အခုအခါ Lucas ရဲ့ လှုပ်ရှားမှုတွေအားလုံး ဆိုင်းငံ့ခဲ့ပြီဖြစ်ကြောင်း ဆိုခဲ့တာပါ။

Lucas နဲ့ Hendery တို့ရဲ့ Duo သီချင်း Jalapeno အပါအဝင် လှုပ်ရှားမှုတွေအားလုံးကို ဆိုင်းငံ့ထားကြောင်း၊ လက်ရှိမှာ Lucas အနေနဲ့ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် သုံးသပ်နေကြောင်း၊

အနုပညာရှင်ရဲ့ စီမံခန့်ခွဲမှုအားနည်းခြင်းအတွက် ကုမ္ပဏီက တာဝန်ရှိတယ်လို့ ခံစားရကြောင်း၊ Lucas ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့အတွက် တောင်းပန်လိုပါကြောင်း SM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

တစ်ဖက်က Lucas ရဲ့ ပရိသတ်တွေကလည်း သက်သေတွေနဲ့တကွ ဒီကိစ္စအပေါ် ငြင်းဆန်လျက်ရှိနေပြီး Idol ကို မကာကွယ်ပေးခဲ့တဲ့ SM ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အစောပိုင်းတုန်းက Lucas အနေနဲ့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လက်ရေးစာတစ်စောင်နဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့ပါသေးတယ်။

 

You cannot copy content of this page