K pop

■ ရိုမန့်တစ်ဆန်ဆန် ဇာတ်လမ်းတွဲသစ်မှာ အတူတွေ့မြင်ရတော့မဲ့ Lee Sungkyung နဲ့ Kim Youngdae

– – – -Lee Sungkyung နဲ့ Kim Youngdae တို့ဟာ ဇာတ်လမ်းတွဲအတူတူ ရိုက်ကူးဖို့ အတည်ပြုခဲ့ပြီး..

သြဂုတ်လ (၂၅) ရက်နေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Lee Sungkyung နဲ့ Kim Youngdae တို့ဟာ tvN ရဲ့ ဇာတ်လမ်းတွဲသစ် Shooting Star မှာ ပါဝင်သွးတော့မှာဖြစ်ကြောင်း သိရပါတယ်။

Shooting Star ဇာတ်လမ်းတွဲကို Choi Youngwoo ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ Lee Soohyun က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ အနုပညာနယ်ပယ်က PR teams၊ မန်နေဂျာ၊ သတင်းထောက် အစရှိတဲ့နောက်ကွယ်က အကြောင်းအရာတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။

Lee Sungkyung က စကားပြောကျွမ်းကျင်တဲ့ PR team အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ထားပြီး Kim Youngdae ကတော့ Lee Sungkyung နဲ့ မျက်နှာကြော မတည့်တဲ့ အေဂျင်စီက ပိုစတာစတားအဖြစ် ပါဝင်သွားမှာပါ။

ဒီဇာတ်လမ်းတွဲဟာ ပရိသတ်ကို ပျော်ရွှင်စရာတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ Studio Dragon ရဲ့ chief producer So Jaehyun က ဆိုထားပါတယ်။

-Ref: Koreaboo

You cannot copy content of this page