K pop

■ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Instagram စံချိန်အသစ်

—- Lisa တစ်ယောက် Instagram မှာ ဘာစံချိန်အသစ်တင်ခဲ့တာလဲဆိုတာ…

သြဂုတ်လ 24 ရက်နေ့က BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Instagram ပို့စ်တစ်ခုဟာ Like 9 သန်းပြည့် တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။

Lisa ဟာ အဆိုပါ Instagram ပို့စ်ကို သြဂုတ်လ 8 ရက်နေ့က တင်ခဲ့တာဖြစ်ပြီး Like 9 သန်းပြည့်ဖို့ 16 ရက်နဲ့ 10 နာရီသာ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် Lisa ဟာ Instagram မှာ Like 9 သန်းအမြန်ဆုံး ရရှိတဲ့ K-pop Artist ပို့စ်ပိုင်ရှင်အဖြစ် စံချိန်သစ်တင်ခဲ့တာဖြစ်သလို အရင်က 49 ရက်နဲ့ စံချိန်တင်ထား တဲ့ သူမရဲ့ စံချိန်ကိုပဲ ချိုးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Lisa ကို ပရိသတ်တွေက Instagram Queen လို့ သမုတ်ထားကြတာဖြစ်ပါတယ်။ အကြောင်းက တော့ Lisa ဟာ Instagram မှာ Like 7 သန်းရှိတဲ့ ပို့စ် 30 ၊ Like 8 သန်းရှိတဲ့ ပို့စ် 6 ခုပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော Asian Artist တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Lisa ဟာ လက်ရှိအချိန်မှာ သူမရဲ့ Solo Debut အတွက် ပထမဆုံး ပိုစတာထုတ်ပြန်ထားပြီး မကြာ ခင်မှာ BLINK တွေရဲ့ ရှေ့ကို ရောက်လာတော့မှာဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page