K pop

■ ‘Faded’ Producer Alan Walker အနှစ်သက်ဆုံး K-pop သီချင်းတွေက ဘာတွေလဲ

—- နာမည်ကျော် DJ Alan Walker က ဒီ K-pop သီချင်းတွေဟာ အခုအချိန် သူ နှစ်သက်ဆုံး သီ ချင်းတွေပါတဲ့…

“Faded,” “The Spectre,” “Alone,” “All Falls Down,” “Darkside,” စတဲ့ ဟစ်ဖြစ်တဲ့ EDM သီချင်း တွေရဲ့ ဖန်တီးရှင် DJ Alan Walker ကို သိကြမယ်ထင်ပါတယ်။ ဗြိတိန်-နော်ဝေး DJ သမားတစ်ဦးဖြစ် တဲ့ Alan Walker ဟာ K-pop ပရိသတ်တွေနဲ့ စိမ်းတဲ့သူတော့မဟုတ်ပါဘူး။

သူဟာ အတိတ်မှာတုန်းက K-pop Artist နှစ်ဦးနဲ့ Collaboration လုပ်ဖူးပြီး သူတို့တွေက BIGBANG အဖွဲ့ဝင်ဟောင်း Seungri နဲ့ EXO အဖွဲ့ဝင် Lay တို့နဲ့ဖြစ်ပါတယ်။ DJ Alan Walker ဟာ Seungri – Featuring ပါဝင်သီဆိုထားတဲ့ “Ignite,” ၊ Lay ရဲ့ Solo သီချင်း “Sheep.” တို့နဲ့ Collaboration လုပ် ထားတာဖြစ်ပါတယ်။

မကြာသေးခင်ကတော့ Alan Walker ဟာ လက်ရှိ သူအနှစ်သက်ဆုံး K-pop သီချင်းတွေက ဘာတွေ လဲဆိုတာကို ဖော်ပြခဲ့ပါတယ်။ Alan Walker နှစ်သက်ဆုံး K-pop Songs တွေကတော့…

BTS – “Butter,” “Serendipity,” and “Dionysus”

ITZY – “Wannabe”

TWICE – “Alcohol-Free,” “I Can’t Stop Me, and “Cry For Me”

BLACKPINK Rosé – “On The Ground”

ASTRO – “Knock” တို့ဖြစ်ကြပါတယ်။

-m2t
Ref: KpopstarZ

 

You cannot copy content of this page