Celebrity

■ Jimin ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ မန်ယူနဲ့တောင်ကိုရီးယားဘောလုံးအကျော်အမော်ဟောင်း ပတ်ဂျီဆန်ရဲ့ ဇနီး

—- မန်ယူနဲ့ တောင်ကိုရီးယားဘောလုံးအကျော်အမော်ဟောင်း ပတ်ဂျီဆန်ကို 90 ကျော်ဖွား မန်ယူ ပရိသတ်တွေအားလုံးသိမယ်လို့ ထင်ပါတယ်။ “ အဆုတ် 3ခု” နဲ့ လူသားဆိုပြီး တောင်ကိုရီးယားနဲ့ ကမ္ဘာမှာ နာမည်ကျော်ဘောလုံးကစားသမားတစ်ဦးဖြစ်ခဲ့သူပါ။

သူ့ရဲ့ ဇနီးဖြစ်သူ Annoucer Kim Min Ji ဟာလည်း ARMY တစ်ဦးဖြစ်ပြီး အထူးသဖြင့် Jimin ရဲ့ အမာခံပရိသတ်ဖြစ်ပါတယ်။ MBC’s television show ‘The 3 Park’ မှာ ပတ်ဂျီဆန်နဲ့ ဇနီးဖြစ်သူ Kim Min Ji တို့ပါဝင်ခဲ့ပြီး အဲဒီတုန်းက ပြောခဲ့တာပါ။

အစီအစဉ်အတွင်းမှာ လင်မယားနှစ်ဦးဟာ မီးဖိုချောင်ထဲမှာချက်ပြုတ်နေကြပြီး အဲဒီမှာ ဇနီးဖြစ်သူ Kim Min Ji က ပတ်ဂျီဆန်ဝတ်ထားတဲ့ စွယ်တာကို သတိထားမိပြီး အခုလိုပြောခဲ့ပါတယ်။

“ မင်းနဲ့ အဲဒီစွယ်တာနဲ့ မလိုက်ဘူးလို့ ငါပြောတယ်မှတ်လား…အဲဒီစွယ်တာကို အရင်တုန်းက BTS အဖွဲ့ဝင် Jimin ဝတ်ခဲ့တယ်” လို့ Kim Min Ji က ပြောခဲ့ပါတယ်။ ပတ်ဂျီဆန်ကလည်း “ မင်းနဲ့ Jimin နဲ့ ရင်းနှီးလို့လား။ မင်းအသံကိုကြားရတာ ရင်းနှီးသလိုလိုဘာလိုလိုနဲ့” လို့ ပြန်ပြောခဲ့ပါတယ်။

Kim Min Ji က ဆက်ပြီး “ အိုး..သိတာပေါ့…မင်း (ပတ်ဂျီဆန်)ရဲ့ ပရိသတ်တွေက မင်းရဲ့အကြောင်း ကို ကောင်းကောင်းသိလို့ ပြောသလိုပေါ့။ ငါလည်း သူ့ဖန်ဆိုတော့ သိတာပေါ့” လို့ပြောခဲ့ပါတယ်။

ပတ်ဂျီဆန်က မနာလိုတဲ့အသံနဲ့ “ မင်း Jimin ကို အပြင်မှာ တစ်ခါမှမတွေ့ဖူးပဲနဲ့” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page