– – – Joy နဲ့ Crush တို့စုံတွဲကို Red Velvet အဖွဲ့ဝင်တွေ စနောက်နေပုံက ချစ်စရာကောင်းလွန်းပြီး..
ပြီးခဲ့တဲ့ 2021 တုန်းကတော့ Red Velvet အဖွဲ့ဝင် Joy နဲ့ Crush တို့ တွဲနေပြီဖြစ်ကြောင်း နှစ်ဖက်အေဂျင်စီတွေက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် သူတို့ရဲ့ စုံတွဲဟာ ပရိသတ်တွေဆီက ထောက်ခံအားပေးမှုကို ရရှိလျက်ရှိနေခဲ့တာပါ။ ဒီသတင်းတွေနဲ့ပတ်သက်ပြီးJoy ဟာ Red Velvet အဖွဲ့ဝင်တွေရဲ့ စနောက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
Seulgi ရဲ့ အပတ်စဉ် Naver Show ဖြစ်တဲ့ SEULGI.zip မှာ Red Velvet အဖွဲ့ဝင်တွေ ပါဝင်ခဲ့ရာမှာတော့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေအကြောင်း၊ သူမတို့ရဲ့ Comeback အကြောင်းပြောဆိုခဲ့ကြတာပါ။
အဲဒီမှာ Red Velvet အဖွဲ့ဝင်တွေအနေနဲ့ မေးခွန်းတွေ မေးရတဲ့ အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဖွဲ့ဝင်တစ်ယောက် မေးခွန်းဖတ်ပြရပြီး ကျန်အဖွဲ့ဝင်တွေက ခန့်မှန်းပြောဆိုရတာ ဖြစ်ပါတယ်။
Joy အလှည့်အရောက်မှာတော့ “အိြမ်ပန်ရောက်တဲ့အချိန် ငါ ပထမဆုံး ဘယ်အရာကို လုပ်ခဲ့သလဲ”ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖတ်နေစဉ်မှာလည်း Joy ဟာ ရှက်နေခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာပဲ Irene ရဲ့ မထင်မှတ်ထားတဲ့စကားတစ်ခွန်ကြောင်းအားလုံး ပွဲကျခဲ့ရပါတော့တယ်။ Irene က “ငါ Joy ရဲ့ နာမည်ကို ကြည့်နေတာပေါ့”ဆိုခဲ့ပါတယ်။
Wendy ကလည်း “သူ့ဖုန်းကို ကြည့်နေမှာပေါ့”လို့ ဆိုခဲ့ပြီး Yeri ကလည်း “အင်တာနက်ကို ကြည့်နေလောက်တယ်”လို့ ပြောဆိုကာ အသီးအသီး အရွှန်းဖောက်ခဲ့ပါတယ်။
-Ref: Koreaboo