—- Junkook ဟာ BTS အဖွဲ့ရဲ့ Golden Maknae လေးဖြစ်ပြီး မိသားစုအတွက်၊ အစ်ကိုတွေအတွက်၊ ARMY တွေအတွက် တန်ဖိုးရှိတဲ့လူသားလေးဖြစ်ပါတယ်။ အငယ်လေးဖြစ်ပေမယ့်လည်း တန်ဖိုးရှိတဲ့ လူသားကထွက်ကြလာတဲ့စကားတွေဟာ အဖိုးတန်ပြီး အင်အားဖြစ်စေတဲ့စကားတွေဖြစ်ပါတယ်။ ARMY တွေအတုယူဖွယ်ရာ စိတ်ဓါတ်အင်အားဖြစ်စေသော Jungkook ပြောခဲ့တဲ့ စကားတွေကို တစ်စုတစ်စည်း တည်းဖော်ပြပေးလိုက်ပါတယ်။ ယူတတ်တဲ့သူတွေအတွက်တော့ . . .
1 ) “ ကျွန်တော်တို့ ခက်ခဲတဲ့အချိန်တွေ ရင်ဆိုင်နေရရင်တောင် ကျွန်တော်တို့ ပျော်ရွှင်နေဖို့က အရေးကြီးပါတယ်”
2 ) “ ကိုယ့်ရည်မှန်းချက်နဲ့ အိပ်မက်တွေကို ကိုယ်ကိုတိုင်ပဲတည်ဆောက်သင့်ပါတယ်။ အပြင်ဘက်က ဖိအားတွေကြောင့် အချို့လူတွေဟာ ကိုယ်ပိုင်အိပ်မက်တွေကို တည်ဆောက်ဖို့ အခွင့်အရေးမရှိတာ ဟာ ဝမ်းနည်းဖို့ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်”
3 ) “ မလုပ်ချင်တဲ့အရာကို မလုပ်ပါနဲ့။ မင်းလုပ်ချင်တဲ့ ဝါသနာကိုပဲလုပ်ပါ”
4 ) “ လက်ရှိအချိန်မှာ မင်းအနေနဲ့ အကောင်းဆုံး မကြိုးစားဘူးဆိုရင် တစ်ချိန်ချိန်မှာ နောင်တတွေနဲ့ ထွေးပွေ့နေရပါလိမ့်မယ်။ နောက်ကျနေတယ်လို့ မစဉ်းစားပါနဲ့။ ဆက်ကြိုးစားပါ။ အချိန်တော့ယူရမှာပါ။ ဒါပေမဲ့ မင်းကြိုးစားမှုတွေ၊ လေ့ကျင့်မှုတွေဟာ အဆိုးဆုံးဖြစ်သွားဖို့တော့မရှိပါဘူး။ မင်း ဝမ်းနည်းနေ မယ်။ ဒါပေမဲ့ ဒါ ကောင်းတဲ့အရာတွေဖြစ်လာမယ့် သက်သေပြချက်တွေပါပဲ”
5 ) “ ARMY တွေ ကျွန်တော်တို့ကို လွမ်းနေတယ်ဆိုရင် ကျွန်တော်တို့ဆီ လာနိုင်ပါတယ်။ မင်းထွက် သွားမယ်၊ ထွက်သွားချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဆီကနေ ထွက်သွားဖို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ခုပဲ သတိရပေးပါ။ ဒီမှာ ကျွန်တော် အမြဲတမ်းရှိနေပါတယ်”
6 ) “ ဒေါသနဲ့ ဝမ်းနည်းမှုမရှိရင် ပျော်ရွှင်မှုအစစ်အမှန်ကို မင်း ခံစားနိုင်မှာမဟုတ်ပါဘူး”
7 ) “ ဘာပဲဖြစ်နေဖြစ်နေ ပျော်ရွှင်နေပါလို့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေရဲ့ ကြားထဲမှာကို ပျော်ရွှင်မှုသေးသေးလေးတွေကအစ ရှာဖွေပါ”
8 ) “ ချစ်ခြင်းတွေရှိနေတဲ့အချိန်မှာ နှစ်ဖက်သဘောတူ စေ့စပ်ပြေငြိမ်းမှုတွေ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုကလည်း ပိုအရေးကြီးတာပေါ့”
9 ) “ ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါပေမဲ့ အလုပ်ကြိုးစားမှုဟာ တစ်နေရာရာကိုတော့ ရောက်စေမှာပါ”
10 ) “ တစ်ဦးနဲ့တစ်ဦး ကျွန်တော်တို့ လေးစားမှုတွေ၊ နားလည်မှုတွေရှိဖို့လိုပါတယ်။ တစ်ဦးပေါ်တစ်ဦး ဆင်ခြင်စဉ်းစားပေးဖို့လည်း လိုပါတယ်။ ဒီလိုအခြေအနေတွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေဟာ တစ်သားတည်းဖြစ်နေမှာပါ”
11 ) “ မင်း လေ့လာဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီကြောင့်အတွက်တော့ မခံစားပါနဲ့။ ဘာကြောင့်လဲဆို တော့ အဲဒီလို ခံစားလိုက်လို့ မင်းလိုချင်တဲ့အရာတွေ လွဲချော်သွားမှာစိုးလို့ပါ။ ကိုယ့်အိပ်မက်ကို ကိုယ်ကိုတိုင်ပဲ တည်ဆောက်ဖို့လိုအပ်ပြီး အခြားသူအရာတွေရဲ့ တွန်းအားကြောင့် ပြိုပျက်သွားမယ်ဆို ရင် ရင်ကွဲစရာပါပဲ”
12) “ RS တစ်ခုဟာ မမျှတတော့ဘူးလို့ ထင်ရင် မင်းအနေနဲ့ ပြောင်းသင့်တယ်လို့ ကျွန်တော် ဆန္ဒရှိပါ တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ အချစ်ခံရဖို့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်လို့ပါ”
13 ) “ အလုပ်ကြိုးကြိုးစားလုပ်နေတဲ့သူတွေအတွက်ပါ။ ဘယ်လောက်ပြိုလဲပြိုလဲ၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းကျော်လွှားနိုင်ပါတယ်။ မင်း သန်မာတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်”
14 ) “ ကျွန်တော့် အသက်အရွယ်ရဲ့ လူတွေအကြောင်းသိချင်မိပါတယ်။ သူတို့တွေ ဘယ်လိုနေထိုင် တယ်။ သူတို့ဘာတွေတွေးနေလဲ။ သူတို့ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်က ဘာလဲ။ သူတို့တွေကို ကျွန် တော့် သီချင်းတွေနဲ့ ဘယ်လိုကူညီနိုင်မလဲ။ သီချင်းတစ်ပုဒ်က သူတို့ကို အားအင်တွေဖြစ်စေသလား၊ ခက်ခဲတဲ့အချိန်တွေမှာ စိတ်သက်သာရာရစေသလား သိချင်မိပါတယ်”
15 ) “ နောင်တပေါ့… ပြန်ပြင်ဆင်လို့မရပါဘူး။ မင်းကို အကူအညီလည်းမဖြစ်စေပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းပါတယ်။ နှလုံးသားအကြီးကြီးနဲ့ ကြီးမားတဲ့လူသားတစ်ယောက်ဖြစ်ဖို့ အခု ကြိုးစားကြတာပေါ့”
16 ) “ အခု 2020 ခုနှစ်ပါ။ တစ်ခုခုကိုလုပ်ဖို့ over ကြိုးစားမှုတွေမလုပ်ပါနဲ့။ မနာကျင်ကြပါနဲ့။ ကျန်းကျန်းမာမာနေကြပါ။ ထိခိုက်မှုမရှိပဲ ဆန္ဒတွေပြည့်ဝမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့ကို ငါ အမြဲတမ်းထောက်ခံအားပေးနေပါတယ်”
-m2t
Ref: Koreaboo