K pop

■ Honeymoon ခရီးစဉ်မှာ Kai နဲ့ ဆုံတွေ့ခဲ့တဲ့ EXO-L တစ်ဦးရဲ့ အခိုက်အတန့်

– – – သူမဟာ Kai နဲ့ ဆုံခဲ့စဉ်မှာ ရှက်သွေးဖြာနေခဲ့ပြီး…

တလောက ထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ Honeymoon Tavern အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဇနီးသည်က တခြားသူမဟုတ်ဘဲ Kai ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။

သူမအနေနဲ့ အစားအစာ စားနေစဉ်မှာ ခေါင်းတောင် မဖော်နိုင်ဘဲ တစ်ခုခုကို ရှက်နေသလို ပုံစံမျိုးလည်း တွေ့ခဲ့ရတာပါ။

နောက်တော့မှ သူ့ခင်ပွန်းဖြစ်သူက ဇနီးသည်က အဲဒီလိုဖြစ်နေတဲ့အကြေင်းရင်းက သူမဟာ Kai ရဲ့ ပရိသတ်ဖြစ်လို့ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီအခါ Kai က နှစ်လိုဖွယ်ကော်ငးတဲ့ ပုံစံမျိုးနဲ့ ရယ်လိုက်ပြီး ဇနီးသည်ဖြစ်သူကတော့ ရှက်နေခဲ့ပြီး မျက်နှာရဲတက်လာခဲ့တာတွေ့ရမှာပါ။

ဒီအခါ Kai က သူအနေနဲ့ နောက်ပြန်လှည့်ပြီး ထိုင်ပေးရမလားလို့လည်း နောက်ခဲ့ပါသေးတယ်။ Kai က ဇနီးဖြစ်သူ စတင်ဝင်လာကတည်းက ပိုက်ဆံအိတ်ကြောင့် တစ်ခုခုကို သတိထားမိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ် ။

ဇနီးသည်ဖြစ်သူရဲ့ ပိုက်ဆံအိတ်ဟာ Kai နဲ့ Gucci တို့ collaboration လုပ်ထားတဲ့ အိတ်ဖြစ်နေခဲ့တာပါ။ ဘာပဲပြောပြော Honeymoon ခရီးစဉ်မှာ Kai နဲ့ ဆုံတွေ့ခဲ့တဲ့ EXO-L တစ်ဦးရဲ့ အခိုက်အတန့်လေးက ကြည်နူးစရာလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Koreaboo

You cannot copy content of this page