Articles

■ Joy နဲ့ Crush တို့ တွဲနေတာ Jessi အစောကြီးကတည်းက သိနေခဲ့တယ်လို့ ပရိသတ်တွေ ယူဆ

– – – Jessi ရဲ့ အမူအရာတွေကို ကြည့်ရင် အဲဒီအချိန်ကတည်းက…

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Red Velvet အဖွဲ့ဝင် Joy နဲ့ Crush တို့တွဲနေပြီလို့ နှစ်ဖက်အေဂျင်စီတွေက အတည်ပြုခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း Jessi နဲ့ Joy တို့ ပြုလုပ်ထားတဲ့အင်တာဗျူးတစ်ခုက ပရိသတ်တွေအကြား ပြန်လည်ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့မှာ Joy ဟာ Showterview with Jessi အစီအစဉ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ Jessi နဲ့ Joy တို့ဟာ စိတ်ဝင်စားဖွယ်ရာ အင်တာဗျူးအစီအစဉ်တွေကို ပြုလုပ်ခဲ့ကြတာပါ။

အဲဒီမှာ Jessi က Joy ကို မင်းရဲ့ Ideal Type ကဘာလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါ Joy က “ကျွန်တော်ရဲ့ Ideal Man က သိမ်မေ့ွ့ပြီး နှစ်လိုဖွယ်ကောင်းသူပါ”လို့သာ ရိုးရှင်းတဲ့အဖြေမျိုးကို ပေးခဲ့ပါတယ်။

ဒီအခါ နောက်ထပ် အင်တာဗျူးသူတစ်ဦးဖြစ်တဲ့ Jo Jungshik က ကျေနပ်ပုံ မပေါ်သေးဘဲ ဒီထက်ပိုပြီးပြောဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီအခါ Joy အနေနဲ့ အခက်တွေ့ပုံပေါ်နေခဲ့တာ Jessi က ရိပ်မိသွားခဲ့ကာ ဒီမေးခွန်းကို ကျော်လိုက်ဖို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် အဲဒီတုန်းက Jessi ရဲ့ ပုံစံဟာ Joy နဲ့ Crush တို့ တွဲနေတာ သိနေတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေး ယူဆခဲ့ကြပါတယ်။

-Ref: Koraeboo

You cannot copy content of this page