K pop

■ သြဂုတ်လ Singer Brand Reputation Rankings မှာ ဘယ်သူတွေရပ်တည်ခဲ့သလဲ

— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ သြဂုတ်လ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…

Korean Business Research Institute က ထုတ်ပြန်တဲ့ သြဂုတ်လ Singer Brand Reputation Rankings မှာတော့ BTS ၊ Trot Singer Im Young Woong နဲ့ Somi တို့က ထိပ်ဆုံးမှာရပ်တည်ခဲ့ ကြပါတယ်။

Korean Business Research Institute ဟာ ဇူလိုင်လ 28 ရက်နေ့ကနေ သြဂုတ်လ 28 ရက်နေ့အ ထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက် အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (11,754,553) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ Trot Singer Im Young Woong က Reputation Index (11,211,913) ရရှိခဲ့သလို aespa Somi က Reputation Index (6,221,361) ရရှိခဲ့ကာ နံပါတ် (3)မှာရပ်တည်ခဲ့ပါတယ်။

သြဂုတ်လအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1# BTS ၊ 2# Im Young Woong ၊ 3# Somi ၊ 4# Lee Chan Won ၊ 5# Young Tak ၊ 6# Red Velvet ၊ 7# IU ၊ 8# BLACKPINK ၊ 9# Brave Girls ၊ 10# Red Velvet’s Joy

11# Jeong Dong Won ၊ 12# Jang Min Ho ၊ 13# aespa ၊ 14# Lee Mujin ၊ 15# Kang Daniel ၊ 16# SEVENTEEN ၊ 17# Lee Seung Yoon ၊ 18# EXO ၊ 19# Girls’ Generation’s Taeyeon ၊ 20# TWICE

21# Jessi ၊ 22# BLACKPINK’s Rosé ၊ 23# Oh My Girl ၊ 24# NCT ၊ 25# Sunmi ၊ 26# Kim Hee Jae ၊ 27# Wonstein ၊ 28# Highlight ၊ 29# SG Wannabe ၊ 30# Jannabi

-m2t
Ref: Soompi

You cannot copy content of this page