K pop

■ BLACKPINK နဲ့ပတ်သက်ပြီး YG Entertainment ရဲ့ အမည်ပေးပုံတွေကို ပရိသတ်တွေ သဘောကျ

—- K Netizen တွေဟာ BLACKPINK နဲ့ပတ်သက်ပြီး YG Entertainment ရဲ့ အမည်ပေးပုံတွေကို အလွန်သဘောကျနေပြီး ….

သြဂုတ်လ 25 ရက်နေ့က YG Entertainment ဟာ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Solo Album သစ်အကြောင်းကို ဖော်ပြခဲ့တာ ပရိသတ်တွေအားလုံးသိပါတယ်။ Lisa ရဲ့ Solo Debut Album ခေါင်းစဉ် ‘LALISA’ ဖြစ်ပြီး စက်တင်ဘာလ 10 ရက်နေ့မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

Lisa ရဲ့ Solo Album ခေါင်းစဉ်အမည်ကို သိပြီးတဲ့နောက်ပိုင်းမှာ BLACKPINK အဖွဲ့နဲ့ပတ်သက်ပြီး ခေါင်းစဉ်ပေးတတ်တဲ့ YG Entertainment ရဲ့ နည်းလမ်းတွေကို အလွန်သဘောကျနေကြတာဖြစ်ပါ တယ်။ BLACKPINK ရဲ့ ခေါင်းစဉ်တွေဟာ အလွန်ရိုးရှင်းပေးမယ့် ဆွဲဆောင်မှုလည်းရှိတာကြောင့် ဖြစ်ပါတယ်။

Jennie ရဲ့ Solo Album တုန်းက သီချင်းခေါင်းစဉ်ကို Solo လို့ အမည်ပေးခဲ့သလို Rose’ ရဲ့ Solo Album ကိုလည်း ‘R,’ ဆိုပြီး နာမည်ပေးခဲ့ကြတာ အားလုံးသိပါတယ်။ BLACKPINK အဖွဲ့ရဲ့ နောက် ဆုံးထွက် Album ကိုလည်း ‘ The Album’ လို့ ပေးခဲ့သလို ပထမဆုံး အွန်လိုင်း Concert ကိုလည်း “THE SHOW” လို့ ပေးခဲ့ပါတယ်။ အခုလည်း Lisa ရဲ့ Solo အမည်ကို ‘Lalisa’ လို့ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အမည်ကို ပေးလိုက်ပြန်တာလည်းဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page