—- 2NE1 အဖွဲ့ဝင်ဟောင်း CL ဟာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ Ariana Grande ၊ Beyonce ၊ Rihanna ၊ Justin Bieber ၊ Kanye West တို့နဲ့ ရင်းနှီးတဲ့သူဖြစ်ပြီး ….
CL ဟာ သြဂုတ်လ 28 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ‘Knowing Brothers’ အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီ မှာ သူမ ခက်ခဲတဲ့ချိန်တုန်းက Beyonce ကို သူမကို စိတ်သက်သာရအောင် ကူညီပေးခဲ့တယ်ဆိုတာ ကို ဖွင့်ဟခဲ့ပါတယ်။
အစီအစဉ်တွင်းမှာ CL က နိုင်ငံခြားက သူမရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့လည်း “ ကျွန်မ ဟာ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလိပ် စတဲ့ ဘာသာစကား 4 ခုပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘာသာစ ကားနှစ်ခုကတော့ ပိုင်နိုင်စွာ သိပ်မပြောနိုင်ပါဘူး” လို့ဖွင့်ဟခဲ့ပါတယ်။
နောက်ပြီး CL ဟာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ Ariana Grande ၊ Beyonce ၊ Rihanna ၊ Justin Bieber ၊ Kanye West တို့နဲ့ ရင်းနှီးတဲ့သူဖြစ်ပြီး သူမ ခက်ခဲနေတဲ့အချိန်တုန်းက Beyonce က သူမကို ကူညီပေးခဲ့ဲ့တယ်ဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။
“ Beyonce Unni ဟာ သူမရဲ့ Brand အသစ်တစ်ခုဖွင့်တုန်းက ကျွန်မကို မော်ဒယ်အဖြစ် ဖိတ်ကြားခဲ့ ပါတယ်။ အဲဒီအချိန်အတုန်းက ကျွန်မ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ Beyonce က ကျွန်မ ကို ဖိတ်ကြားတဲ့အခါမှာ ကျွန်မ တကယ်ကို စိတ်သက်သာရာရခဲ့ပါတယ်။ သူမနဲ့ စကားပြောရတာ သေးငယ်တဲ့အရာလေးတွေကအစ ကျွန်မကို စိတ်သက်သာရာရစေတာပါ” – CL
CL က ဒီလို ကမ္ဘာကျော်တွေနဲ့ တွေ့ဆုံတဲ့အခါ ဘာတွေပြောကြလုပ်ကြသလဲဆိုတဲ့ မေးခွန်းကိုလည်း “ ကျွန်မအထင် အောင်မြင်တဲ့သူရော သာမန်သူတွေရော အတူတူပါပဲ။ ဒီလို ကမ္ဘာကျော်တွေနဲ့ အပြင် ထွက်လည်တဲ့အခါ လွတ်လွတ်လပ်လပ်ပဲဖြစ်ပြီး Music အကြောင်းတွေတောင် သိပ်မပြောသလောက် ပါပဲ” လို့လည်း ဖြေခဲ့ပါတယ်။
-m2t
Ref: Allkpop