K pop

■ ‘Queendom’ MV ရိုက်ကွင်းကို Lee Soo Man ရုတ်တရက်ပေါက်ချလာပုံအကြောင်း ဖွင့်ဟခဲ့တဲ့ Seulgi

—- SM ပါးပါးကြီး Lee Soo Man ဟာ ‘Queendom’ MV ရိုက်ကွင်းကို ရုတ်တရက်ပေါက်ချလာပြီး Seulgi ရဲ့ Bang ကိုတောင် ညှပ်ခဲ့…

လက်ရှိအချိန်မှာ Red Velvet အဖွဲ့ဟာ Comeback ပရိုမိုးရှင်းတွေနဲ့ အလုပ်တွေရှုပ်နေပြီး ပြီးခဲ့ဲတဲ့အ ပါတ်က Seulgi က ပြုလုပ်တဲ့ Naver NOW. broadcast ‘Seulgi.zip’ မှာ Red Velvet အဖွဲ့ဝင်တွေ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပါတယ်။

အဲဒီမှာ Red Velvet အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ 6 ခုမြောက် Mini Album ရိုက်ကွင်းနောက်ကွယ်က အကြောင်းတစ်ချို့ကို မျှဝေခဲ့တာဖြစ်ပါတယ်။ Red Velvet အဖွဲ့က သူတို့ရဲ့ ‘Queendom’ MV ရိုက်ကွင်းကို SM ပါးပါးကြီး Lee Soo Man ရုတ်တရက်ရောက်ချလာလို့ အံ့အားသင့်ခဲ့ရပြီး လိုအပ် တာတွေကို အသေးစိတ်ညွှန်ကြားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Seulgi က Lee Soo Man ဟာ ဘယ် လောက်ထိ အသေးစိတ်ကျသလဲဆိုရင် ကင်မရာရှေ့မှာ Mood နဲ့ Visual ကို ပိုပြီးလင်းစေဖို့ သူမရဲ့ Bang ကိုတောင် ကပ်ကြေးနဲ့ ညှပ်လိုက်တဲ့အထိပါပဲလို့ ပြောခဲ့ပါတယ်။

“ Lee Soo Min ဆရာဟာ ကျွန်မတို့ရဲ့ MV ရိုက်ကွင်းကို ရုတ်တရက်ရောက်လာခဲ့ပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ MV ကို လိုအပ်တဲ့အသေးစိတ်တွေ ညွှန်ကြားခဲ့တာပါ။ ကျွန်မရဲ့ Bang ကိုတောင် ပြင်တဲ့ အထိပါပဲ။ ရုတ်တရက် ကပ်ကြေးယူလာပြီး ကျွန်မရဲ့ Bang ကို ညှပ်လိုက်တာပါ…ခ်ခ်…နောက်ပြီး သူ က မင်းအနေနဲ့ အခုအချိန် Baby Hair ပုံစံပြသင့်တယ်လို့လည်း ပြောခဲ့ပါတယ်… Bang ကို ညှပ် လည်းညှပ်ပြီးရော Seulgi …မင်းအခု Baby Hair နဲ့ တော်တော်လေး လှသွားပြီးလို့လည်း ဒီလိုမျိုး ပြောခဲ့ပါသေးတယ်”

-Seulgi

-m2t
Ref: Allkpop

You cannot copy content of this page