K pop

■ Billboard’s K-pop Hot 100 မှာ #1 အများဆုံးရဖူးတဲ့ Artist များ

— Billboard’s K-pop Hot 100 မှာ ဘယ် Artist တွေက #1 အများဆုံးရခဲ့သလဲဆိုတာကို…

Billboard’s K-pop Hot 100 ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ music singles chart တစ်ခုဖြစ်ပြီး 2011 ခုနှစ်၊ သြဂုတ်လ 15 ရက်နေ့က စတင်ပြုလုပ်ခဲ့တာပါ။ အခုဆိုရင် 10 နှစ်ပြည့် နှစ်ပတ်လည်ကိုတောင် ကျော်ခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ 10 နှစ်အတွင်း Billboard’s K-pop Hot 100 မှာ #1 အများဆုံးရဖူးတဲ့ Artist တွေနဲ့ သူတို့ရဲ့ သီချင်းတွေကို ဖော်ပြလိုက်ပါတယ်။

5) K.Will

K.Will ဟာ K-pop Hot 100 မှာ #1 (4)ကြိမ် ရရှိခဲ့ဖူးပြီး #1 ရခဲ့တဲ့ သူ့ရဲ့ သီချင်းတွေကတော့ “Please Don’t,” “Love Blossom,” “You Don’t Know Love,” နဲ့ “Like a Star.” တို့ဖြစ်ပါတယ်။

5) Busker Busker

Busker Busker အဖွဲ့ဟာလည်း K-pop Hot 100 မှာ #1 (4)ကြိမ် ရရှိခဲ့ဖူးပါတယ်။ သီချင်းတွေက တော့ “Tokyo Girl,” “Cherry Blossom,” “If You Really Love Me,” နဲ့ “Love, at First.” တို့ဖြစ်ပါ တယ်။

5) Sistar

Sistar အဖွဲ့ဟာလည်း K.Will ၊ Busker Busker အဖွဲ့တို့လိုပဲ သီချင်း 4 ပုဒ် #1 ရခဲ့ဖူးပြီး ပူးတွဲရပ် တည်နေတာဖြစ်ပါတယ်။ K-pop Hot 100 မှာ #1 သီချင်းတွေကတော့ “So Cool,” “Alone,” “Loving U,” နဲ့ “Give It to Me.” တို့ဖြစ်ပါတယ်။

4) EXO

နံပါတ် 4 မှာတော့ EXO အဖွဲ့က ရပ်တည်နေပါတယ်။ EXO အဖွဲ့ရဲ့ သီချင်း 5 ပုဒ်ဖြစ်တဲ့ “Ko Ko Bop,” “Power,” “Universe,” “Tempo,” နဲ့ “Love Shot.” တို့ဟာ K-pop Hot 100 မှာ #1 ရခဲ့ဖူး ပါတယ်။

3) TWICE

နံပါတ် 3 မှာတော့ TWICE အဖွဲ့ပါ။ သီချင်း 6 ပုဒ် K-pop Hot 100 မှာ #1 ရခဲ့ပြီး “Signal,” “Likey,” “Heart Shaker,” “What Is Love?”, “Dance The Night Away” နဲ့ “Feel Special.” တို့ဖြစ်ပါ တယ်။

2) BTS

U.S Billboard Hot 100 မှာ သမိုင်းဝင်အောင်မြင်မှုတွေရနေတဲ့ BTS အဖွဲ့ကတော့ Billboard’s K-pop Hot 100 မှာ နံပါတ် 2 မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ BTS ရဲ့ သီချင်း 8 ပုဒ်ဟာ Billboard’s K-pop Hot 100 မှာ #1 ရခဲ့ဖူးပြီး သီချင်းတွေကတော့ “DNA,” “Fake Love,” “Idol,” “Boy with Luv (with Halsey),” “On,” “Dynamite,” “Butter,” နဲ့ “Permission to Dance.” တို့ ဖြစ်ပါတယ်။

1) IU


Billboard’s K-pop Hot 100 မှာ #1 အများဆုံးရဖူးတဲ့ Artist ကတော့ IU ဖြစ်ပါတယ်။ IU ဟာ သီချင်း 15 ပုဒ်နဲ့ #1 အများဆုံးရတဲ့ Artist တစ်ဦးအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာပါ။ IU ရဲ့ သီချင်းတွေကတော့ “You & I,” “Every End of the Day,” “The Red Shoes,” “Friday,” “Not Spring, Love or Cherry Blossoms” (with High4), “My Old Story,” “Love Story” (with Epik High), “SoulMate” (with Zico), “Bbibbi,” “Love Poem,” “Blueming,” “Eight” (with Suga), “Celebrity,” “Lilac,” “Nakka” (with AKMU) တို့ဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page