K pop

■ စတိတ်စင်ရဲ့ အခြားတစ်ဖက်မှာ CL က ဘယ်လိုလူမျိုးလဲ

—- ပရိသတ်တွေသိတဲ့အတိုင်း စတိတ်စင်ပေါ်မှာဆိုရင် CL Queen လို့တောင် တင်စားရတဲ့အထိ CL ရဲ့ ဖျော်ဖြေမှုတွေက အလန်းစားအကြမ်းကြီးတွေဖြစ်ပါတယ်။ ဒါပေမဲ့ စတိတ်စင်ရဲ့ အခြားတစ်ဖက်မှာ CL က ဘယ်လိုလူမျိုးလဲ…

ဒီအကြောင်းကို CL က ‘Knowing Bros’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်တုန်းက ပြောခဲ့တာပါ။ CL က သူမဟာ စတိတ်စင်ပေါ်မှာဆိုရင် အခြားတစ်ယောက်ဖြစ်ပြီး အခြားတစ်ဖက်မှာ အခြားတစ် ယောက်ပုံစံမျိုးဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

အစီအစဉ်တွင်းမှာ CL ကို Cast တွေက “ မင်းအနေနဲ့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေတဲ့အခါ ကိုယ့်ကိုယ် ကို အရမ်းမိုက်တယ်လို့ ထင်ထားတယ်မှတ်လား” လို့ မေးတဲ့အခါ CL က “ ဟုတ်ပါတယ်။ ကျွန်မ အဲဒီလို ခံစားမိပါတယ်” လို့ ဖြေခဲ့ပါတယ်။

အဲဒီအခါ Heechul က “ စင်ပေါ်က ဆင်းတဲ့အခါမှာ မင်းက ဘယ်လိုပုံစံမျိုးလဲ” လို့ CL ကို ထပ်မေးခဲ့ ပါတယ်။ CL က “ ရိုးရိုးသားသားပြောရရင် ကျွန်မဟာ စင်ပေါ်နဲ့ စင်အောက် မတူပါဘူး။ စတိတ်ပေါ် တက်တဲ့အခါ ကျွန်မရဲ့ ပုံရိပ်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ပရိသတ်တွေက စင်ပေါ်က ကျွန်မရဲ့ ပုံရိပ်ကို ကြည့်ပြီး အပြင်မှာလည်း ဒီလိုပဲ ဖြစ်မှာပါလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ စင် အောက်မှာဆိုရင် ကျွန်မဟာ အလွန်ရှက်တတ်တဲ့သူမျိုးဖြစ်ပါတယ်” လို့ ဖြေခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page