— – – YG Entertainmet က Lisa ရဲ့ ပထမဆုံး Solo ပွဲထွက်အတွက် …
YG Entertainment ဟာ သြဂုတ် (၂၉)ရက် ကိုရီးယားစံတော်ချိန် ည (၁၂း၀၀)မှာ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Solo အဖြစ် ပထမဆုံးပွဲထွက် Album ဖြစ်တဲ့ Lalisa အတွက် ခေါင်းစီးသီချင်း Poster ကို ထုတ်ပြန်ခဲ့ပါတယ်။
Lisa ရဲ့ ပထမဆုံး Single Album ဖြစ်တဲ့ ‘LALISA’ ကို စက်တင်ဘာ (၁၀)ရက် ဒေသစံတော်ချိန် နေ့လယ် (၁)နာရီမှာ ထုတ်ဝေမှာဖြစ်ပြီး Pre-orders ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
အဲဒီလို Pre-order စတင်ဖွင့်လှစ်ပြီး (၂၇)နာရီအတွင်းမှာပဲ Lisa ရဲ့ ပထမဆုံး Single Album ဖြစ်တဲ့ ‘LALISA’ ဟာ Ktown4U ကြိုတင်မှာယူမှု အချပ်ရေ 100,000 ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ K-Pop အမျိုးသမီးအနုပညာရှင်တွေထဲ(Solo ရော၊ အဖွဲ့လိုက်ပါ ပါဝင်)မှာ စံချိန်သစ် ဖြစ်ခဲ့ပြီး ပရိသတ်တွေကတော့ Lisa ရဲ့ ပထမဆုံး Single Album ဖြစ်တဲ့ ‘LALISA’ ကို အရမ်းမျှော်လင့်နေကြတာပါ။
Ref: AKP
-Zawgyi
■ Lisa ရဲ့ ပထမဆုံး Single Album အတွက် Poster ကို YG ထုတ်ပြန်
Ref: AKP