K pop
■ Tamin, Jimin နဲ့ သူတို့ထဲမှာ ဘယ်သူအကအတော်ဆုံးလဲလို့ Kai အမေးခံရသောအခါ
– – -သူတို့ (၃) ယောက်အကြား အကအတော်ဆုံးသူဆိုတဲ့ မေးခွန်းက Kai ဘယ်လိုမျိုး ဖြေခဲ့သလဲဆိုတာ…..
EXO အဖွဲ့ဝင် Kai ဟာ တလောက 1theK Originals’ ရဲ့ Look Me Up ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ Kai ဟာ တခြား Idol တွေလိုပဲ သူ့ရဲ့နာမည်ကို ဆိုရှယ်မီယာ အများအပြားထက်မှာ ရှာဖွေခဲ့တာဖြစ်ပါတယ်။ အဲဒီလို ရှာဖွေရင်း Kai တွေ့လိုက်တဲ့ Post တစ်ခုကတော့ “အကအတော်ဆုံး အမျိုးသား Idol (၃) ဦး”ဆိုတာပါပဲ။
အဲဒီ Post ထဲမှာ အကအတော်ဆုံး (၃) ဦးအဖြစ် Kai နဲ့ BTS အဖွဲ့ဝင် Jimin, SHINee အဖွဲ့ဝင် Taemin တို့ကို ရွေးချယ်ထားခဲ့ကြတာပါ။ Kai က Taemin နဲ့ ပတ်သက်ပြီး “Taemin က တကယ့်ကို အကတော်တဲ့သူပဲ”လို့ ပြောခဲ့သလို Jimin နဲ့ ပတ်သက်ပြီးလည်း “သူကတာ ဂရိတ်ပဲ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အဲဒီနောက် သူတို့ (၃) ယောက်ထဲမှာ ဘယ်သူက အတော်ဆုံးလဲ”လို့ Kai တစ်ယောက် အမေးခံခဲ့ရပါတယ်။ ဒီမေးခွန်းကိုတော့ Kai က ပါးပါးနပ်နပ်နဲ့ ရှောင်ထွက်ဖြေခဲ့ပါတယ။် “ကျွန်တော်တို့အားလုံး အကတော်ပါတယ်”လို့ Kai က ဆိုခဲ့တာပါ။
ဆက်လက်ပြီး သူတို့ (၃) ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်လို့လည်း Kai က ဖွင့်ဟခဲ့ပါသေးတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ Tamin, Jimin နဲ့ သူတို့ (၃) ယောက်အထဲမှာ ဘယ်သူအကအတော်ဆုံးလဲလို့ Kai အမေးခံရသောအခါ
Ref: Koreaboo
You cannot copy content of this page