K Drama

■ Black Widow ကိုကျော်ပြီး ကိုရီးယား Box Office မှာ လူကြည့်အများဆုံးဖြစ်လာတဲ့ ရုပ်ရှင်

— – – Jo In Sung ရဲ့ ရုပ်ရှင်ဟာ ကမ္ဘာကျော် Black Widow ကို ကျော်ပြီး …

သြဂုတ် (၂၈)ရက်မှာ Korean Film Council က Escape from Mogadishu ရုပ်ရှင်ဟာ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူ (2,993,515)အထိ ရှိလာခဲ့ပြီး Marvel ရဲ့ Black Widow ကို ၂၀၂၁ အတွင်း ကိုရီးယားမှာ ပရိသတ်ကြည့်ရှုမှုအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် Escape from Mogadishu ဟာ အခုဆိုရင် ၂၀၂၀ သြဂုတ်လက ရုံတင်ခဲ့တဲ့ Deliver Us from Evil ပြီးနောက် ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံး ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သေးတာပါ။

ဒီလောက်တင် မကသေးဘဲ Escape from Mogadishu ရုပ်ရှင်ဟာ ၂၀၂၁ အတွင်း ရုပ်ရှင်ကြည့်ရှုသူ (၂)သန်း ကျော်တဲ့ ရုပ်ရှင်ကားအဖြစ် စံချိန်တင်ထားပြီး အခုထက်ပိုပြီးတော့ ကြည့်ရှုသူတွေ ပိုများလာဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

Escape from Mogadishu ရုပ်ရှင်က ဆိုမာလီပြည်တွင်းစစ်အတွင်း လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားသံရုံးတွေက ဝန်ထမ်းတွေရဲ့ အသက်ရှင်ရေးကြိုးစားမှုတွေကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီ Escape from Mogadishu ရုပ်ရှင်ဇာတ်ကားကို “The Battleship Island,” “Veteran,” “The Berlin File,” “The Unjust” စတဲ့ နာမည်ကျော်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ryu Seung Wan ရိုက်ကူးထားပြီး Jo In Sung, Kim Yun Seok, Heo Joon Ho နဲ့ Koo Kyo Hwan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Soompi

 

-Zawgyi

■ Black Widow ကုိေက်ာ္ၿပီး ကုိရီးယား Box Office မွာ လူၾကည့္အမ်ားဆုံးျဖစ္လာတဲ့ ႐ုပ္ရွင္

— – – Jo In Sung ရဲ႕ ႐ုပ္ရွင္ဟာ ကမၻာေက်ာ္ Black Widow ကုိ ေက်ာ္ၿပီး …

ၾသဂုတ္ (၂၈)ရက္မွာ Korean Film Council က Escape from Mogadishu ႐ုပ္ရွင္ဟာ ႐ုပ္ရွင္႐ုံေတြမွာ ၾကည့္႐ႈသူ (2,993,515)အထိ ရွိလာခဲ့ၿပီး Marvel ရဲ႕ Black Widow ကုိ ၂၀၂၁ အတြင္း ကုိရီးယားမွာ ပရိသတ္ၾကည့္႐ႈမႈအမ်ားဆုံး ႐ုပ္ရွင္ျဖစ္လာခဲ့တယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့ျပင္ Escape from Mogadishu ဟာ အခုဆုိရင္ ၂၀၂၀ ၾသဂုတ္လက ႐ုံတင္ခဲ့တဲ့ Deliver Us from Evil ၿပီးေနာက္ ပရိသတ္ကို အဆဲြေဆာင္ႏုိင္ဆုံး ႐ုပ္ရွင္အျဖစ္လည္း မွတ္တမ္း၀င္ခဲ့ေသးတာပါ။

ဒီေလာက္တင္ မကေသးဘဲ Escape from Mogadishu ႐ုပ္ရွင္ဟာ ၂၀၂၁ အတြင္း ႐ုပ္ရွင္ၾကည့္႐ႈသူ (၂)သန္း ေက်ာ္တဲ့ ႐ုပ္ရွင္ကားအျဖစ္ စံခ်ိန္တင္ထားၿပီး အခုထက္ပိုၿပီးေတာ့ ၾကည့္႐ႈသူေတြ ပုိမ်ားလာဦးမယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကပါတယ္။

Escape from Mogadishu ႐ုပ္ရွင္က ဆုိမာလီျပည္တြင္းစစ္အတြင္း လြတ္ေျမာက္ဖုိ႔ ႀကိဳးစားၾကတဲ့ ေတာင္ကုိရီးယားနဲ႔ ေျမာက္ကုိရီးယားသံ႐ုံးေတြက ၀န္ထမ္းေတြရဲ႕ အသက္ရွင္ေရးႀကိဳးစားမႈေတြကုိ အေျခခံ ႐ုိက္ကူးထားတာ ျဖစ္ပါတယ္။

အဲဒီ Escape from Mogadishu ႐ုပ္ရွင္ဇာတ္ကားကုိ “The Battleship Island,” “Veteran,” “The Berlin File,” “The Unjust” စတဲ့ နာမည္ေက်ာ္ဇာတ္ကားေတြကုိ ႐ုိက္ကူးခဲ့တဲ့ ဒါ႐ုိက္တာ Ryu Seung Wan ႐ုိက္ကူးထားၿပီး Jo In Sung, Kim Yun Seok, Heo Joon Ho နဲ႔ Koo Kyo Hwan တုိ႔က အဓိကပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။

Ref: Soompi

You cannot copy content of this page