— – – K-Pop ရဲ့မကောင်းကွက်တွေကို ပြောလေ့ရှိသလို၊ Han Ye Seul၊ Jun Ji Hyun တို့လို ထိပ်တန်းမင်းသမီးတွေရဲ့ …
အရင်က အနုပညာသတင်းထောက်တစ်ဦးဖြစ်ပြီး အခု YouTuber အဖြစ် ရပ်တည်နေတဲ့ Kim Yong Ho ဟာ K-Pop ရဲ့မကောင်းသတင်းတွေ၊ နာမည်ကျော်တွေရဲ့ အဆိုးမြင်စရာသတင်းတွေကို ဖော်ပြလေ့ရှိတာကြောင့် ထင်ရှားပါတယ်။
သူဟာ Han Ye Seul၊ Jun Ji Hyun တို့အပါအဝင် နာမည်ကျော်များစွာရဲ့ အငြင်းပွားဖွယ်သတင်းတွေ၊ အတင်းတွေကို လုပ်ကြံသတင်းတွေ ဖန်တီးခဲ့ပြီး အခုတော့ နောက်ဆုံးဗီဒီယိုထုတ်လွှင့်ကာ You Tube ကနေ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
Kim Yong Ho က “အတိတ်ကိုပြန်ကြည့်လိုက်တော့ ကျွန်တော်က တခြားလူတွေကို စကားလုံးတွေနဲ့ ထိုးနှက်ရတာကို ကြိုက်တယ်နဲ့ တူပါတယ်။ ကျွန်တော် YouTube Channel က subscribers, views တွေ အရမ်းရတာကြောင့် ကျွန်တော်ဟာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မှန်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အခု ကျွန်တော်ရဲ့ ကိုယ်ကျင့်တရားတွေ မပျက်ပြားခင် ရပ်တန့်ဖို့ လိုတယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
ဆက်ပြီးတော့ Kim Yong Ho ဟာ သူ့အနေနဲ့ အခုလို ဆုံးဖြတ်ခဲ့တာဟာ ဖိအားပေးခံရတာကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း မျက်ရည်တွေနဲ့ ပြောဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့ Kim Yong Ho က “ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ဘာဖြစ်နေတယ်ဆိုတာကို ပြန်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်ဟာ အရက်အလွန်အကျွံသောက်ပြီး မိုက်ရိုင်းလာတယ်။ ပိုပြီးဆိုးရွားလာတယ်။ ဒါကြောင့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမြဲတမ်းအနားယူတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြန်လာဖို့လည်း အစီအစဉ်မရှိပါဘူး”လို့ ဆိုပါတယ်။
Ref: Koreaboo
-Zawgyi
■ K-Pop မေကာင္းေၾကာင္းနဲ႔ နာမည္ေက်ာ္မင္းသမီးေတြကုိ ေ၀ဖန္တဲ့ You Tuber အနားယူ
— – – K-Pop ရဲ႕မေကာင္းကြက္ေတြကုိ ေျပာေလ့ရွိသလုိ၊ Han Ye Seul၊ Jun Ji Hyun တုိ႔လုိ ထိပ္တန္းမင္းသမီးေတြရဲ႕ …
အရင္က အႏုပညာသတင္းေထာက္တစ္ဦးျဖစ္ၿပီး အခု YouTuber အျဖစ္ ရပ္တည္ေနတဲ့ Kim Yong Ho ဟာ K-Pop ရဲ႕မေကာင္းသတင္းေတြ၊ နာမည္ေက်ာ္ေတြရဲ႕ အဆုိးျမင္စရာသတင္းေတြကုိ ေဖာ္ျပေလ့ရွိတာေၾကာင့္ ထင္ရွားပါတယ္။
သူဟာ Han Ye Seul၊ Jun Ji Hyun တုိ႔အပါအ၀င္ နာမည္ေက်ာ္မ်ားစြာရဲ႕ အျငင္းပြားဖြယ္သတင္းေတြ၊ အတင္းေတြကုိ လုပ္ႀကံသတင္းေတြ ဖန္တီးခဲ့ၿပီး အခုေတာ့ ေနာက္ဆုံးဗီဒီယုိထုတ္လႊင့္ကာ You Tube ကေန အနားယူမယ္လုိ႔ ေၾကညာခဲ့ပါတယ္။
Kim Yong Ho က “အတိတ္ကုိျပန္ၾကည့္လုိက္ေတာ့ ကၽြန္ေတာ္က တျခားလူေတြကုိ စကားလုံးေတြနဲ႔ ထုိးႏွက္ရတာကုိ ၾကိဳက္တယ္နဲ႔ တူပါတယ္။ ကၽြန္ေတာ္ YouTube Channel က subscribers, views ေတြ အရမ္းရတာေၾကာင့္ ကၽြန္ေတာ္ဟာ မေကာင္းဆုိး၀ါးတစ္ေကာင္ ျဖစ္မွန္း ျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ အခု ကၽြန္ေတာ္ရဲ႕ ကုိယ္က်င့္တရားေတြ မပ်က္ျပားခင္ ရပ္တန္႔ဖုိ႔ လုိတယ္လုိ႔ ထင္ပါတယ္”လုိ႔ ဆုိပါတယ္။
ဆက္ၿပီးေတာ့ Kim Yong Ho ဟာ သူ႕အေနနဲ႔ အခုလုိ ဆုံးျဖတ္ခဲ့တာဟာ ဖိအားေပးခံရတာေၾကာင့္ မဟုတ္ဘဲ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္နဲ႔ အနားယူဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္းလည္း မ်က္ရည္ေတြနဲ႔ ေျပာဆုိခဲ့ပါေသးတယ္။
ဒါေပမဲ့ Kim Yong Ho က “ကၽြန္ေတာ့္အေနနဲ႔ ကုိယ့္ကုိယ္ကုိ ဘာျဖစ္ေနတယ္ဆုိတာကုိ ျပန္ၾကည့္ဖုိ႔ လုိပါတယ္။ ကၽြန္ေတာ္ဟာ အရက္အလြန္အကၽြံေသာက္ၿပီး မုိက္႐ုိင္းလာတယ္။ ပုိၿပီးဆုိးရြားလာတယ္။ ဒါေၾကာင့္ အနားယူဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ အၿမဲတမ္းအနားယူတာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ့္အေနနဲ႔ ျပန္လာဖုိ႔လည္း အစီအစဥ္မရွိပါဘူး”လုိ႔ ဆုိပါတယ္။
Ref: Koreaboo