K pop

■ BTS မျက်နှာဖုံးပါ Billboard မဂ္ဂဇင်း မရောင်းခြင်းကို COKODIVE ရှင်းလင်း

— – – အငြင်းပွားစရာရှိနေတဲ့ BTS မျက်နှာဖုံးပါ Billboard မဂ္ဂဇင်းကို COKODIVE က …

Billboard ဟာ သူတို့ရဲ့ သြဂုတ်လထုတ် မဂ္ဂဇင်းမှာ BTS အဖွဲ့ကို မျက်နှာဖုံးတင်ခဲ့သလို၊ အတွင်းမှာလည်း BTS အဖွဲ့ရဲ့ အလှဓာတ်ပုံတွေ စုံစုံလင်လင် ပါဝင်ပါတယ်။

ဒါပေမဲ့ Billboard က မျက်နှာဖုံးမှာတင် “The Business behind the world’s hottest group” (ကမ္ဘာ့အကျော်ကြားဆုံးအဖွဲ့ရဲ့ နောက်ကွယ်က စီးပွားရေး)လို့ ရေးထားသလို၊ အတွင်းက အင်တာဗျူးနဲ့ ဆောင်းပါးတွေမှာလည်း အငြင်းပွားဖွယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါကြောင့် မဂ္ဂဇင်းထုတ်ဝေချိန်မှာ မဝယ်လို့ ARMY တွေက အချင်းချင်း လှုံဆော်ခဲ့ကြပြီး နာမည်ကျော် K-Pop store ဖြစ်တဲ့ COKODIVE ကပါ BTS မျက်နှာဖုံးပါ Billboard မဂ္ဂဇင်းကို မရောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

COKODIVE က “ကျွန်တော်တို့ အားပေးတဲ့ အနုပညာရှင်တွေကို မလေးစား၊ နှိမ်တာမျိုးကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် အဲဒီမဂ္ဂဇင်းကို ရောင်းရင် အမြတ်ရမယ်မှန်း သိပေမဲ့ မရောင်းပါဘူး”လို့ ထုတ်ပြန်ခဲ့တာပါ။

Billboard အနေနဲ့ BTS အဖွဲ့ကို မျက်နှာဖုံးတင်ခဲ့ပေမဲ့ အတွင်းက ဖော်ပြချက်တွေမှာ တော်တော်လေး ဆိုးဆိုးဝါးဝါးရေးသားတယ်လို့ ဆိုကြသလို၊ BTS အနေနဲ့ အနှိမ်ခံခဲ့ရတယ်လို့လည်း ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Ref: cokodive

 

-Zawgyi




ဒါပေမဲ့ Billboard က မျက်နှာဖုံးမှာတင် “The Business behind the world’s hottest group” (ကမ္ဘာ့အကျော်အကြားဆုံးအဖွဲ့ရဲ့ နောက်ကွယ်က စီးပွားရေး)လို့ ရေးထားသလို၊ အတွင်းက အင်တာဗျူးနဲ့ ဆောင်းပါးတွေမှာလည်း အငြင်းပွားဖွယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။




Ref: cokodive

You cannot copy content of this page