Celebrity

■ Lee Min Ho နဲ့ Yeonwoo တွဲနေတယ်လို့ Dispatch ရဲ့ဖော်ပြမှုကို Lee Min Ho တုံ့ပြန်

– – – Dispatch က သူတို့ချိန်းတွေ့နေတယ်လို့ ယူဆရတဲ့ပုံတွေနဲ့အတူ ဖော်ပြခဲ့တာကို Lee Min Ho က …

ဒီနေ့ နံနက်မှာ ကိုရီးယားနာမည်ကျော်တွေရဲ့ Dating သတင်းတွေကို အမုန်းခံဖော်ပြလေ့ရှိတဲ့ Dispatch က ထိပ်တန်းမင်းသား Lee Min Ho နဲ့ MOMOLAND အဖွဲ့ဝင်ဟောင်း Yeonwoo တို့ဟာ တွဲခုတ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သြဂုတ် (၁)ရက်က Yeonwoo ရဲ့ မွေးနေ့ဖြစ်ပြီး အဲဒီနေ့မှာ Lee Min Ho ဟာ Yeonwoo နဲ့ မွေးနေ့ပွဲကို နှစ်ဦးသား ဆင်နွဲှခဲ့ကြောင်းနဲ့ သူတို့ တွဲနေတာ (၅)လလောက်ရှိပြီဖြစ်ကြောင်း Dispatch က ဖော်ပြခဲ့တာပါ။

ဒါ့ပြင် Lee Min Ho ဟာ ညဘက်ရုပ်ရှင်ကြည့်ဖို့အတွက် Yeonwoo ကို လာကြိုဖူးတယ်လို့လည်း Dispatch က ပုံတွေနဲ့တကွ ဖော်ပြခဲ့သေးတာပါ။

ဒါပေမဲ့ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပဲ Lee Min Ho နဲ့ အေဂျင်စီ MYM Entertainment က Lee Min Ho နဲ့ Yeonwoo တွဲနေတယ်ဆိုခြင်းကို ငြင်းဆန်ခဲ့ပါတယ်။

MYM Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “သူတို့က လုပ်ဖော်ကိုင်ဖက်တွေပါ။ သူတို့ တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးတော့ ရုပ်ရှင်ကို သွားတယ်ဆိုတာလည်း သူတို့နှစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားသူငယ်ချင်းတွေလည်း ပါပါတယ်။ ဓာတ်ပုံမှာ အဲဒီလို ထင်ရပေမဲ့ မမှန်ပါဘူး”လို့ ဖော်ပြထားပါတယ်။

Ref: Dispatch & MYM Entertainment

 

-Zawgyi

■ Lee Min Ho နဲ႔ Yeonwoo တဲြေနတယ္လုိ႔ Dispatch ရဲ႕ေဖာ္ျပမႈကုိ Lee Min Ho တုံ႔ျပန္

– – – Dispatch က သူတုိ႔ခ်ိန္းေတြ႕ေနတယ္လုိ႔ ယူဆရတဲ့ပုံေတြနဲ႔အတူ ေဖာ္ျပခဲ့တာကုိ Lee Min Ho က …

ဒီေန႔ နံနက္မွာ ကုိရီးယားနာမည္ေက်ာ္ေတြရဲ႕ Dating သတင္းေတြကုိ အမုန္းခံေဖာ္ျပေလ့ရွိတဲ့ Dispatch က ထိပ္တန္းမင္းသား Lee Min Ho နဲ႔ MOMOLAND အဖဲြ႕၀င္ေဟာင္း Yeonwoo တုိ႔ဟာ တဲြခုတ္ေနတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ၾသဂုတ္ (၁)ရက္က Yeonwoo ရဲ႕ ေမြးေန႔ျဖစ္ၿပီး အဲဒီေန႔မွာ Lee Min Ho ဟာ Yeonwoo နဲ႔ ေမြးေန႔ပဲြကုိ ႏွစ္ဦးသား ဆင္ႏဲႊခဲ့ေၾကာင္းနဲ႔ သူတုိ႔ တဲြေနတာ (၅)လေလာက္ရွိၿပီျဖစ္ေၾကာင္း Dispatch က ေဖာ္ျပခဲ့တာပါ။

ဒါ့ျပင္ Lee Min Ho ဟာ ညဘက္႐ုပ္ရွင္ၾကည့္ဖုိ႔အတြက္ Yeonwoo ကုိ လာႀကိဳဖူးတယ္လုိ႔လည္း Dispatch က ပုံေတြနဲ႔တကြ ေဖာ္ျပခဲ့ေသးတာပါ။

ဒါေပမဲ့ အဲဒီသတင္းေတြ ထြက္ေပၚလာၿပီး ခ်က္ခ်င္းဆုိသလုိပဲ Lee Min Ho နဲ႔ ေအဂ်င္စီ MYM Entertainment က Lee Min Ho နဲ႔ Yeonwoo တဲြေနတယ္ဆုိျခင္းကုိ ျငင္းဆန္ခဲ့ပါတယ္။

MYM Entertainment ရဲ႕ ထုတ္ျပန္ခ်က္မွာ “သူတုိ႔က လုပ္ေဖာ္ကုိင္ဖက္ေတြပါ။ သူတုိ႔ တဲြေနတယ္ဆုိတာ မဟုတ္ပါဘူး။ ၿပီးေတာ့ ႐ုပ္ရွင္ကုိ သြားတယ္ဆုိတာလည္း သူတုိ႔ႏွစ္ေယာက္တည္း မဟုတ္ပါဘူး။ တျခားသူငယ္ခ်င္းေတြလည္း ပါပါတယ္။ ဓာတ္ပုံမွာ အဲဒီလုိ ထင္ရေပမဲ့ မမွန္ပါဘူး”လုိ႔ ေဖာ္ျပထားပါတယ္။

Ref: Dispatch & MYM Entertainment

You cannot copy content of this page