K pop

■Lee Min Ho နဲ့ Yeonwoo တို့ရဲ့ Dating သတင်းကို MLD Entertainment အတည်ပြုနိုင်သေးခြင်း မရှိ

– – – သူတို့ရဲ့ Dating သတင်းကို Lee Min Ho ဘက်က ငြင်းဆန်ထားခဲ့ပြီးနောက် …

သြဂုတ်လ (၃၀) ရက်နေ့မှာတော့ နာမည်ကျော်မင်းသား Lee Min Ho နဲ့ Yeonwoo တို့ တွဲနေကြပြီလို့ Dispatch က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေ ထွက်ပေါ်လာပြီးပြီးချင်းနောက်မှာတော့ Le Min Ho ရဲ့ အေဂျင်စီဘက်က ငြင်းဆန်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဘက်တွေသာဖြစ်ပြီး Dispatch က ဖော်ပြခဲ့တဲ့ ညဘက်ရုပ်ရှင်သွားကြည့်တာလည်း နှစ်ယောက်တည်း မဟုတ်ကြောင်း ငြင်းဆန်ခဲ့တာပါ။

အခုအခါ ဒီ Dating သတင်းတွေနဲ့ ပတ်သက်ပြီး Yeonwoo ရဲ့ အေဂျင်စီ MLD Entertainment ဘက်ကလည်း တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အတိအကျ ဖော်ပြထားခြင်း မရှိဘဲ Yeonwoo ဟာ လက်ရှိ ဇာတ်လမ်းတွဲရိုက်ကူးနေတာကြောင့် အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့သာ ပါရှိပါတယ်။

“Yeonwoo ဟာ လက်ရှိ ဇာတ်လမ်းတွဲရိုက်ကူးနေရင်းပါ။ ဒါကြောင့် သူ့မဆီက အတည်ပြုချက်ရယူဖို့ ခက်ခဲလှပါတယ်။ ဒီဖြစ်စဉ်ကို အတည်ပြုချက်ရဖို့ လုပ်ဆောင်နေဆဲပါ”လို့ MLD Entertainment က

ထုတ်ပြန်ခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page