K pop

■ ဝတ်စုံတစ်စုံတည်း ဝတ်ပေမဲ့ Somi နဲ့ Rose’ တို့အကြား Vibe ချင်း ကွာပါတယ်

– – – ဝတ်စုံတစ်စုံတည်းကိုပဲ သူတို့ရဲ့ Vibe က ကွာခြားလှတယ်ဆို့ ဆိုရမှာဖြစ်ပြီး…

Somi နဲ့ BLACKPINK အဖွဲ့ဝင် Rose’ တို့ဟာ တလောကတုန်းက ဝတ်စုံချင်း ဆင်တူခဲ့တာ သတိထားမိမှာပါ။

ပိုပြီး တိုက်ဆိုင်တာက သူမတို့နှစ်ယောက်စလုံးအနေနဲ့ အဲဒီဝတ်စုံကို Inkigayo မှာသာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဝတ်စုံနဲ့ နှစ်ယောက်စလုံးလှပပြီး လိုက်ဖက်တာ မှန်ပေမဲ့ တစ်ဦးချင်းစီ Vibe ချင်းတော့ ကွာပါတယ်။

Rose’

Rose’ ဟာ ဒီဝတ်စုံကို သူမရဲ့ ရွှေအိုရောင်ဆံပင်နဲ့ တွဲဖက် ဝတ်ဆင်ခဲ့တာပါ။ ဒီအခါ Rose’ အနေနဲ့ ကြော့ရှင်းလှပပြီး ဆွဲဆောင်မှုရှိတာ တွေ့မြင်ရမှာပါ။

Somi

Somi နဲ့ pigtail ဆံပင်ပုံစံနဲ့ တွဲဖက်ကာ ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခါ သူမရဲ့ပုံစံက ပေါ့ပါးတာ တွေ့ရမှာဖြစ်ပြီး ရောင်စုံမျက်ကပ်မှန်လေးနဲ့အတူ ကြည့်ရတာ အရုပ်မလေးအတိုင်းပါပဲ။

-Ref: Koreaboo

You cannot copy content of this page