Articles K pop

■ အခြား BTS အဖွဲ့ဝင်တွေထက် Trainee ဘဝမှာ အလွန်ခက်ခဲခဲ့တယ်လို့ Jimin ဖွင့်ဟ

—- BTS အဖွဲ့ဝင် Jimin က သူဟာ ကျန်တဲ့ညီအစ်ကိုတွေထက် Debut မလုပ်ခင် လေ့ကျင့်တာ အချိန်တိုတောင်းခဲ့တာကြောင့် ပိုမိုရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။

BTS အဖွဲ့ဟာ tvN’s television show ‘You Quiz on the Block’ အပိုင်းမှာ BTS အဖွဲ့ဝင်တွေအနေနဲ့ Trainee ဘဝတုန်းက အကြောင်းတွေကို ပြန်ပြောင်းပြောခဲ့ကြတာ ဖြစ်ပြီး အဲဒီမှာ Jimin က ဖွင့်ဟခဲ့တာပါ။

Jimin က “ ကျွန်တော်ဟာ အခြား K-pop Star တွေထက် လေ့ကျင့်တဲ့ ကာလတိုတောင်းခဲ့တာ အမှန် ပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ Debut မလုပ်ခင် လေ့ကျင့်ချိန် 6 လပဲရခဲ့ပါတယ်။ ဒါကြောင့် အဲဒီ 6လ အတွင်းမှာ ကျွန်တော် တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။

ဒီ K-pop ကမ္ဘာမှာ ရှင်သန်ချင်ပေမဲ့ ဘာစလုပ်ရမယ်၊ ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို မသိခဲ့ပါဘူး။ V ဒါမှမဟုတ် Jungkook တို့က Vocal လေ့ကျင့်ခန်းတွေလုပ်နေတဲ့အချိန်မှာ ကျွန်တော်က သူတို့ရဲ့ ထောင့်လေးမှာထိုင်ပြီး မှတ်စုနဲ့ အလုပ်ရှုပ်နေခဲ့ရပါတယ်။ ပြီးမှသာ မှတ်စုနဲ့ လေ့ကျင့်ခန်းကို စလုပ်နိုင် တာပါ” လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ Jungkook ကလည်း ထောက်ခံခဲ့ပြီး “ အဲဒီတုန်းက Jimin ဟာ အမြဲတမ်းခက်ခဲနေခဲ့ပါ တယ်။ ကျွန်တော်တို့အားလုံးထက်ကို ပိုရုန်းကန်ခဲ့ရပြီး အိပ်စက်မှုတွေကို အန်တုခဲ့တာပါ။ အခြား သူတွေထက် နောက်ကျမှာအိပ်တာသူဖြစ်သလို အစောကြီးထတာလည်း သူပါပဲ” လို့ ပြောခဲ့ပါတယ်။

Trainee ဘဝတုန်းက တစ်နေ့ ဘယ်နှစ်နာရီအိပ်သလဲလို့ မေးခံရတဲ့အခါ Jimin က “ 4 AM အထိ လေ့ကျင့်ပြီး 6:30 AM မှာ ပြန်ထပါတယ်” လို့ ပြောတဲ့အခါ အစီအစဉ်တင်ဆက်သူ Yu Jae Seok က အံ့အားသင့်ပြီး “ အရမ်းကြီး မပြင်းထန်လွန်းဘူးလား…မင်း မပင်ပန်းဘူးလား” လို့ မေးခဲ့ပါတယ်။

Jimin က “ အဲဒီတုန်းက ကျွန်တော် ဘာမှမဖြစ်ပါဘူး။ လေ့ကျင့်ခန်းထဲမှာ ကျွန်တော် အားတိုင်း အိပ် လေ့ရှိတာပါ။ လေ့ကျင့်ခန်းထဲကို စောင်တောင် ယူသွားပြီး အားလပ်တာနဲ့ အိပ်တာပါ။ နောက်ပြီး ကျွန် တော့်ရဲ့ BTS ညီအစ်ကိုတွေကလည်း တော်တော်လေးကို ကူညီပါတယ်။ သူတို့က ကျွန်တော့်ကို ‘ ငါတို့ အားလုံးဟာ ဘယ်သူမှ ပြီးပြည့်စုံတဲ့သူတွေမဟုတ်ဘူး။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင် တယ်’ လို့ ခဏခဏပြောပါတယ်။ ဒီစကားက ကျွန်တော့်ကို အားအင်ဖြစ်စေပါတယ်” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: SBSstar

You cannot copy content of this page