Celebrity

■ Song Hye Kyo ဘာကြောင့် အောင်မြင်မှုတွေ ဆက်တိုက်ထိန်းသိမ်းထားနိုင်တာလဲ

— အသက်နောက်ပြန်ဆွဲနေသော မင်းသမီးလို့ ထင်ရှားကျော်ကြားတဲ့ Song Hye Kyo က သူမအနေနဲ့ ဘာကြောင့် အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာလဲဆိုတာကို ဖောက်သည်ချခဲ့ပါ တယ်။

Song Hye Kyo ဟာ ELLE Singapore မဂ္ဂဇင်းပေါ်မှာ နုပျိုပြီး လှပတဲ့သူမရဲ့အလှတရားတွေကို ဖော် ထုတ်ပြခဲ့ပါတယ်။ နောက်ပြီး အဆိုပါ မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး သူမအနေနဲ့ ဘာကြောင့် အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်လဲဆိုတာကို ဖွင့်ချခဲ့ပါတယ်။

“ ကျွန်မအနေနဲ့ အလွန်ကံကောင်းတယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မ ငယ်ငယ်က တည်းက အလွန်ကောင်းမွန်တဲ့ ထုတ်လုပ်ရေးအဖွဲ့တွေနဲ့ အလုပ်လုပ်ခွင့်ရခဲ့လို့ပါ။ ထုတ်လုပ်ရေးအဖွဲ့ ဟာ တကယ့်ကိုအလွန်ကောင်းမွန်တာဖြစ်ပါတယ်။ နောက်ပြီး ပရိသတ်တွေဆီကနေ ကျွန်မ အချစ် တွေအများကြီးရရှိခဲ့ပါတယ်။ အဲဒီလိုအရာတွေကြောင့် ဒီနေ့ ကျွန်မ ဒီနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ် ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်”

-Song Hye Kyo

 

Song Hye Kyo ဟာ 1996 ခုနှစ်ကစတင်ပြီး ကျောင်းအကျီၤကြော်ငြာမော်ဒယ်အဖြစ် သရုပ်ဆောင် လောကထဲကို Debut လုပ်ခဲ့တာဖြစ်ပြီး ခဏလေးအတွင်းမှာ အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်ပါ တယ်။ ‘Soonpoong Clinic’ (1998), ‘Autumn in My Heart’ (2000), ‘Full House’ (2004), ‘Descendants of the Sun’ (2016), ‘Encounter’ (2018) စတဲ့ ဒရာမာတွေဟာ သူမအောင်မြင်ခဲ့ တဲ့ ဒရာမာတွေအားလုံးထဲက Hit ဖြစ်ခဲ့တဲ့ ဒရာမာတွေဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page