K pop

■ အငယ်ဆုံးလေးရဲ့ ဆွဲဆောင်မှု တစ်ခုကို ပြောပြခဲ့တဲ့ Jimin

BTS အဖွဲ့ဝင်တွေထဲက အတွဲတွေကို Ship မယ်ဆိုရင် JiKook အတွဲကို မ Ship မယ့် ARMY မရှိဘူး ထင်ပါတယ်။ ARMY တွေဟာ Jimin နဲ့ Jungkook တို့ရဲ့ နှစ်ဦးကြားက ချစ်စရာအပြုအမူတွေ၊ ဂရုစိုက်မှုတွေကို အတိတ်မှာလည်းတွေ့ခဲ့သလို အခုလိုမြင်နေရတာဖြစ်ပြီး အနာဂတ်မှာလည်း တွေ့ မြင်ရဦးမှာဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ Jimin က အငယ်ဆုံးလေးရဲ့ ဒီအချက်ဟာ သူ့ကို ဘယ်လိုတွေးထင်စေသလဲ ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခဲ့သလို ARMY တွေကိုလည်း မြင်အောင်ကြည့်ကြဖို့ တိုက် တွန်းခဲ့ပါတယ်။

Jimin ပြောတဲ့ Jungkook ရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်က အဆိုတွေ၊ Dance တွေ၊ Aegyo တွေ မဟုတ်ပါဘူး။ Jungkook ခန္ဓာကိုယ်က ထွက်တဲ့ချွေးဖြစ်ပါတယ်။ Jimin က ARMY တွေအနေနဲ့ သူတို့ရဲ့ ဖျော်ဖြေမှုတွေပြုလုပ်တိုင်း Jungkook မှာ အမြဲတမ်း ချွေးတွေ ရွဲရွဲစိုနေတာကို တွေ့ရ လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“ ကျေးဇူးပြုပြီး Jungkook ရဲ့ ချွေးထွက်ပုံတွေကို သေချာကြည့်ကြည့်ပါ။ ဆွဲဆောင်မှုရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သန့်စင်တဲ့ရေတွေလိုပါပဲ” Jimin က ပြောခဲ့ပါတယ်။ Jungkook ကလည်း ဖျော်ဖြေမှုလုပ်တုန်း ချွေးထွက်ပြီဆို လုံးဝမရပ်တန့်တော့ကြောင်း ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page