— – – အဆိုတော်အဖြစ်သာမက သရုပ်ဆောင်နယ်ပယ်မှာပါ Chanyeol ဟာ …
ပြီးခဲ့တဲ့ မတ် (၂၄)ရက်က စတင်ဖြန့်ချိခဲ့ပြီး EXO အဖွဲ့ဝင် Chanyeol ခေါင်းဆောင်ပါဝင်ထားတဲ့ The Box ဇာတ်ကားနဲ့ပတ်သက်လို့ NAVER Movie Database က Update လုပ်ခဲ့ပါတယ်။
NAVER Movie Database က ကိုရီးယားအင်တာနက်အသုံးပြုသူတွေရဲ့ ဝေဖန်သံတွေ အခြေခံကာ ဇာတ်ကား ကောင်း၏၊ မကောင်း၏ကို ဆုံးဖြတ်တာဖြစ်ပြီး The Box ကတော့ ချီးကျူးမှုတွေကို ရရှိခဲ့တာပါ။
ကိုရီးယားအင်တာနက်အသုံးပြုသူတွေက Chanyeol ရဲ့ The Box ဇာတ်ကားကို Overall (၁၀)မှတ်မှာ (၈.၇)မှတ်အထိ ပေးထားပြီး အံ့သြစရာကောင်းတာကတော့ ကြည့်ရှုသူ Gender မှာလည်း အမျိုးသား (၅၀)ရာခိုင်နှုန်း၊ အမျိုးသမီး (၅၀)ရာခိုင်နှုန်းအထိ ရှိခဲ့တာပါပဲ။
အထူးသဖြင့် Chanyeol ရဲ့ The Box ဇာတ်ကားမှာ ပါဝင်တဲ့ OST တွေကို ပရိသတ်တွေ အကြိုက်တွေ့ကြပြီး နှလုံးသားကို နွေးထွေးမှုအပြည့်ပေးနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပရိသတ်တွေက ဆိုပါတယ်။
ပရိသတ်တွေရဲ့ Feedback တွေကို ကြည့်မယ်ဆိုရင် “ဂီတကစလို့ အားလုံးက နှလုံးသားကို ထိစေတာချည်းပါပဲ။ OST သီချင်းတိုင်းက ကျေနပ်စေပြီး အခွင့်ရတိုင်း ထပ်ကာထပ်ကာ ကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ”
“ကောင်းလိုက်တဲ့ ဇာတ်ကား။ တကယ်လို့ မင်းရဲ့နှလုံးသားနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ဒီဇာတ်ကားက အဲဒါတွေကို အကောင်းဆုံးကုစားပေးပါလိမ့်မယ်”စသဖြင့် မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြပါတယ်။
Ref: Yahoo Lifestyle and The Seoul Story Review
-Zawgyi
■ Chanyeol ရဲ့ The Box ဇာတ်ကားကို K Netizens တွေ ဘယ်လိုသဘောထားလဲ