K pop

■ Jennie အကြောင်း စပ်ဆိုထားတဲ့ တရုတ် Idol ရဲ့သီချင်းတစ်ပုဒ် လူမှုကွန်ရက်တွေမှာ အလွန်ရေပန်းစား

-UNICODE

– – – Jennie အပေါ်ထားရှိတဲ့ သူ့ရဲ့ ခံစားချက်တွေကို စပ်ဆိုထားတာဖြစ်ပြီး တစ်ဖက်မှာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုဝင်ဘာ (၃၀) ရက်နေ့က တရုတ် Idol တစ်ယောက်ဖြစ်တဲ့ Ye Ziming က Weibo မှာ သူကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့ Lyric Video တစ်ခုကို မျှဝေခဲ့ပါတယ်။

သီချင်းနာမည်ကတော့ ‘JENNIE လို့ အမည်ရပြီး BLACKPINK အဖွဲ့ဝင် Jennie အကြောင်း စပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ Caption မှာလည်း “ကျွန်တော့်ရဲ့ Lifestyle: ဆာရင် စားလိုက်တယ်။ အိပ်ချင်ရင် အိပ်တယ်။ အချစ်တွေကို ပြချင်တယ်။ Best wishes @.jennierubyjane”လို့လည်း ရေးသားထားခဲ့ပါတယ်။

Ye Ziming ဟာ Jennie နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို သီချင်းထဲမှာ ထည့်ရေးသားခဲ့တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး Netizens တချို့ကတော့ ဒါဟာ အာရုံစူးစိုက်မှုရချင်လို့ တမင်စတန့်ထွင်ခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဒီသီချင်းဟာ ကိုရီးယားမှာသာမက ပြည်ပနိုင်ငံတွေက လူမှုကွန်ရက်တွေမှာပါ ရေပန်းစားလျက် ရှိနေပါတယ်။

‘JENNIE ကို အောက်တွင် ခံစားနိုင်ပါတယ်

-ZAWGYI

■ Jennie အေၾကာင္း စပ္ဆုိထားတဲ့ တရုတ္ Idol ရဲ႕သီခ်င္းတစ္ပုဒ္ လူမႈကြန္ရက္ေတြမွာ အလြန္ေရပန္းစား

– – – Jennie အေပၚထားရွိတဲ့ သူ႔ရဲ႕ ခံစားခ်က္ေတြကို စပ္ဆိုထားတာျဖစ္ၿပီး တစ္ဖက္မွာလည္း ေဝဖန္မႈေတြ ရွိေနပါတယ္။

ႏိုဝင္ဘာ (၃၀) ရက္ေန႔က တ႐ုတ္ Idol တစ္ေယာက္ျဖစ္တဲ့ Ye Ziming က Weibo မွာ သူကိုယ္တိုင္ဖန္တီးျပဳလုပ္ထားတဲ့ Lyric Video တစ္ခုကို မွ်ေဝခဲ့ပါတယ္။

သီခ်င္းနာမည္ကေတာ့ ‘JENNIE လို႔ အမည္ရၿပီး BLACKPINK အဖြဲ႕ဝင္ Jennie အေၾကာင္း စပ္ဆိုထားခဲ့တာ ျဖစ္ပါတယ္။ Caption မွာလည္း “ကြၽန္ေတာ့္ရဲ႕ Lifestyle: ဆာရင္ စားလိုက္တယ္။ အိပ္ခ်င္ရင္ အိပ္တယ္။ အခ်စ္ေတြကို ျပခ်င္တယ္။ Best wishes @.jennierubyjane”လို႔လည္း ေရးသားထားခဲ့ပါတယ္။

Ye Ziming ဟာ Jennie နဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို သီခ်င္းထဲမွာ ထည့္ေရးသားခဲ့တာပါ။ ဒီသီခ်င္းနဲ႔ ပတ္သက္ၿပီး Netizens တခ်ိဳ႕ကေတာ့ ဒါဟာ အာ႐ုံစူးစိုက္မႈရခ်င္လို႔ တမင္စတန႔္ထြင္ျခင္းသာ ျဖစ္တယ္လို႔ စြပ္စြဲခဲ့ၾကပါတယ္။

ဒါေပမဲ့ လတ္တေလာမွာေတာ့ ဒီသီခ်င္းဟာ ကိုရီးယားမွာသာမက ျပည္ပႏိုင္ငံေတြက လူမႈကြန္ရက္ေတြမွာပါ ေရပန္းစားလ်က္ ရွိေနပါတယ္။

You cannot copy content of this page