K pop

■ Celebrity မဟုတ်တဲ့ ငယ်ဘဝအိပ်မက်ကို Nayeon ဖွင့်ဟ

— – – ငယ်ဘဝအိပ်မက်အတိုင်းဆိုရင် အခုဆို Nayeon ဟာ …

လက်ရှိ K-Pop ရဲ့ အကျော်ကြားဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ TWICE အဖွဲ့ဝင် Nayeon ဟာလည်း လူသိများကျော်ကြားတဲ့ Celebrity တစ်ဦးဖြစ်နေပါပြီ။ ဒါပေမဲ့ Nayeon က သူမအနေနဲ့ စတားဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ အံ့အားသင့်ဖွယ် ဝန်ခံခဲ့ပါတယ်။

Elle Korea မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ TWICE အဖွဲ့ဝင် Nayeon ကို အင်တာဗျူးက “ငယ်ငယ်တုန်းက Celebrity ဖြစ်ဖို့ မမျှော်မှန်းခဲ့ဘူးလို့ ကြားဖူးပါတယ်။ အဲဒါ အမှန်ပဲလား”လို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Nayeon က “ဟုတ်။ အမှန်ပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက လူတွေ အာရုံစိုက်ခံရတာကို ကြိုက်လိမ့်မယ်လို့ လုံးဝကို မထင်ခဲ့တာပါ”လို့ ပြန်ဖြေခဲ့ပါတယ်။

Nayeon က Celebrity အစား မဂ္ဂဇင်းအယ်ဒီတာ ဖြစ်ချင်ခဲ့တာဖြစ်ပြီး အဲဒီဟာ အမှန်ပဲလားလို့ အင်တာဗျူးသူက မေးမြန်းခဲ့ပါတယ်။

“ငယ်ငယ်တုန်းကတော့ မဂ္ဂဇင်းအယ်ဒီတာ ဖြစ်ချင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အခုတွေးမိတာက တကယ်လို့ ကျွန်မသာ မဂ္ဂဇင်းအယ်ဒီတာသာ ဖြစ်လာခဲ့မယ်ဆိုရင် အတော်ဒုက္ခရောက်မယ်ဆိုတာပါပဲ”လို့ Nayeon က ပြန်ဖြေခဲ့ပါတယ်။

Source: YouTube

 

-Zawgyi

■ Celebrity မဟုတ္တဲ့ ငယ္ဘ၀အိပ္မက္ကုိ Nayeon ဖြင့္ဟ

— – – ငယ္ဘ၀အိပ္မက္အတုိင္းဆုိရင္ အခုဆုိ Nayeon ဟာ …

လက္ရွိ K-Pop ရဲ႕ အေက်ာ္ၾကားဆုံးအဖဲြ႕ေတြထဲက တစ္ဖဲြ႕ျဖစ္တဲ့ TWICE အဖဲြ႕၀င္ Nayeon ဟာလည္း လူသိမ်ားေက်ာ္ၾကားတဲ့ Celebrity တစ္ဦးျဖစ္ေနပါၿပီ။ ဒါေပမဲ့ Nayeon က သူမအေနနဲ႔ စတားျဖစ္ဖုိ႔ မရည္ရြယ္ခဲ့ဘူးလုိ႔ အံ့အားသင့္ဖြယ္ ၀န္ခံခဲ့ပါတယ္။

Elle Korea မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ TWICE အဖဲြ႕၀င္ Nayeon ကုိ အင္တာဗ်ဴးက “ငယ္ငယ္တုန္းက Celebrity ျဖစ္ဖုိ႔ မေမွ်ာ္မွန္းခဲ့ဘူးလုိ႔ ၾကားဖူးပါတယ္။ အဲဒါ အမွန္ပဲလား”လုိ႔ ေမးျမန္းခဲ့ပါတယ္။

အဲဒီေမးခြန္းကုိ Nayeon က “ဟုတ္။ အမွန္ပါပဲ။ ကၽြန္မ ငယ္ငယ္တုန္းက လူေတြ အာ႐ုံစုိက္ခံရတာကုိ ႀကိဳက္လိမ့္မယ္လုိ႔ လုံး၀ကုိ မထင္ခဲ့တာပါ”လုိ႔ ျပန္ေျဖခဲ့ပါတယ္။

Nayeon က Celebrity အစား မဂၢဇင္းအယ္ဒီတာ ျဖစ္ခ်င္ခဲ့တာျဖစ္ၿပီး အဲဒီဟာ အမွန္ပဲလားလုိ႔ အင္တာဗ်ဴးသူက ေမးျမန္းခဲ့ပါတယ္။

“ငယ္ငယ္တုန္းကေတာ့ မဂၢဇင္းအယ္ဒီတာ ျဖစ္ခ်င္ခဲ့တာ အမွန္ပါပဲ။ ဒါေပမဲ့ အခုေတြးမိတာက တကယ္လုိ႔ ကၽြန္မသာ မဂၢဇင္းအယ္ဒီတာသာ ျဖစ္လာခဲ့မယ္ဆုိရင္ အေတာ္ဒုကၡေရာက္မယ္ဆုိတာပါပဲ”လုိ႔ Nayeon က ျပန္ေျဖခဲ့ပါတယ္။

Source: YouTube

You cannot copy content of this page